စီးပွားရေးကို အထောက်အကူပြုရန် တရုတ်ဗဟိုဘဏ်က စံပြအတိုးနှုန်းကို လျှော့ချ

စီးပွားရေးကို အထောက်အကူပြုရန် တရုတ်ဗဟိုဘဏ်က စံပြအတိုးနှုန်းကို လျှော့ချ
Photo: AFP
Photo: AFP
Published 21 August 2023
Ref: AFP

တရုတ်ဗဟိုဘဏ်သည် နိုင်ငံ၏ ကိုဗစ်အလွန်ကာလ စီးပွားရေးတိုးတက်မှုနှေးကွေးနေခြင်းကို တန်ပြန်ရန် ကြိုးပမ်းမှုအဖြစ် သြဂုတ် ၂၁ ရက်တွင် စံပြအတိုးနှုန်းကို လျှော့ချလိုက်သည်။

လုပ်သားစျေးကွက်တွင်လည်းကောင်း၊ ကမ္ဘာ့စီးပွားရေး နှေးကွေးလေးလံနေမှု ကြောင့်လည်းကောင်း မရေရာမှုက မကြာသေးမီက စီးပွားရေးကို ကျဆင်းစေခဲ့ရာ တရုတ်ကုန်စည်များအတွက် ဝယ်လိုအားကို အားနည်းစေခဲ့သည်။

တရုတ်အိမ်ခြံမြေစျေးကွက်တွင် ငွေကြေးပြဿနာများရှိနေပြီး ထိပ်တန်းအိမ်ခြံမြေလုပ်ငန်းကြီးအချို့မှာ ဒေဝါလီခံရမည့် အနေအထားကိုရင်ဆိုင်နေရသည့်အပြင်လုပ်ငန်းများ ပြီးစီးအောင် ဆောက်ရွက်ရန် ရုန်းကန်နေရသည်။ ထို့ကြောင့် ယင်းသည် စီးပွားရေးတိုးတက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ရပ်ဖြစ်သည်။

ကော်ပိုရိတ်ချေးငွေများအတွက် စံအမှတ်ဖြစ်သည့် တစ်နှစ်ကြာ စံပြအတိုးနှုန်းကို ၃ ဒသမ ၅၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၄၅ ရာခိုင်နှုန်းသို့ လျှော့ချကြောင်း တရုတ်ဗဟိုဘဏ်က ထုတ်ပြန်သည်။

အပေါင်ထားသော ပစ္စည်းများကို တန်ဖိုးဖြတ်ရာတွင် အသုံးပြုသော ငါးနှစ်ကြာ စံပြအတိုးနှုန်းကို ၄ ဒသမ ၂ ရာခိုင်နှုန်းသတ်မှတ်ထားသည်။

စျေးကွက်များနောက်ကို အနီးကပ်လိုက်လာသည့် အဆိုပါစံပြအတိုးနှုန်းနှစ်ရပ်ကို ဇွန်လတွင် ယခင်က လျှော့ချခဲ့ပြီးနောက် ယခုအခါ သမိုင်းဝင်အနိမ့်ဆုံးအတိုးနှုန်းများ ဖြစ်လာသည်။

 

Most Read

Most Recent