ဘရုစ်ဝီလစ်သည် မှတ်ဉာဏ်ချို့ယွင်းသည့်ရောဂါကို ခံစားနေရဟု ၎င်း၏မိသားစုက ထုတ်ဖော်ပြောကြား

ဘရုစ်ဝီလစ်သည် မှတ်ဉာဏ်ချို့ယွင်းသည့်ရောဂါကို ခံစားနေရဟု ၎င်း၏မိသားစုက ထုတ်ဖော်ပြောကြား
Photo: AFP
Photo: AFP
Published 17 February 2023

အက်ရှင်မင်းသားကြီး ဘရုစ်ဝီလစ်သည်  ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဝေဒနာ ခံစားရသောကြောင့် အနုပညာလောကမှ အနားယူလိုက်ကြောင်း ကြေညာခဲ့ပြီး တစ်နှစ်နီးပါးအကြာတွင် သူသည်ကုသ၍မရနိုင်သော မှတ်ဉာဏ်ချို့ယွင်းသည့်ရောဂါ ခံစားနေရဟု ၎င်း၏မိသားစုက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

Die Hard ရုပ်ရှင်ဇာတ်လမ်းများနှင့် ဒါဇင်နှင့်ချီသော အခြားအက်ရှင်ရုပ်ရှင်များဖြင့် လူသိများထင်ရှားသည့် အသက် ၆၇ နှစ် အရွယ် အမေရိကန်မင်းသားကြီး ဝီလစ်သည် ပြီးခဲ့သည့်နှစ် မတ်လက ဟောလိဝုဒ်ရုပ်ရှင် လောကမှအနားယူကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

“၂၀၂၂ နွေဦးရာသီက ဘရုစ်ရဲ့အတွေး အခေါ်အပြုအမူပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို ထိခိုက်စေတဲ့ Aphasia လို့ခေါ်တဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းတဲ့ရောဂါကိုခံစားရကြောင်း ကြေညာခဲ့ပြီးချိန်ကတည်းက ဘရုစ်ရဲ့အခြေအနေဟာ တိုးတက်လာခဲ့ပြီး အခုချိန်မှာတော့ သူဟာ Frontotemporal Dementiaရောဂါခံစားနေရတယ်လို့ ရောဂါအခြေအနေကို ပိုမိုအသေးစိတ်သိရှိခဲ့ရပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။

Frontotemporal Dementia သည် ကိုယ်ရည်ကိုယ်သွေးနှင့် အပြုအမူပိုင်း ဆိုင်ရာအတွက် လုပ်ဆောင်ပေးနေသည့် ဦး နှောက်၏အစိတ်အပိုင်းကို ထိခိုက်သော ကြောင့်ဖြစ်ရသော မှတ်ဉာဏ်ချို့ယွင်းသည့် ရောဂါဖြစ်သည်။

“ကံမကောင်းစွာနဲ့ပဲ ဆက်သွယ်မှုပိုင်း ဆိုင်ရာစိန်ခေါ်မှုတွေဟာ ဘရုစ်ရင်ဆိုင်နေရတဲ့ ရောဂါရဲ့ လက္ခဏာတွေထဲကတစ်ခုဖြစ် ပါတယ်။ ဒီနာကျင်မှုတွေကနေ ရောဂါအသေးစိတ်ကို ရှင်းရှင်းလင်းလင်း သိရှိခဲ့ရပါတယ်”ဟု ၎င်း၏မိသားစုက ဆိုသည်။

“ဒီနေ့အချိန်အထိ ရောဂါအတွက် ကုသနိုင်မယ့်နည်း မရှိသေးပေမဲ့ လာမယ့်နှစ်တွေမှာတော့ ဒီအဖြစ်မှန်ကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်မိပါတယ်”ဟု ဆိုသည်။

ဝီလစ်သည် Pulp နှင့် The Six Sense ဇာတ်လမ်းများတွင် ၎င်း၏ ပီပြင်သော သရုပ်ဆောင်မှုအရည်အချင်းများကြောင့် ချီးကျူးခံခဲ့ရပြီး ရွှေကမ္ဘာလုံးဆုတစ်ဆုနှင့် Emmys ဆုနှစ်ဆုရရှိခဲ့သည်။ ဝီလစ်နှင့် သရုပ်ဆောင်ဒေမီမိုးတို့သည် ၁၉၉၀ ပြည့် နှစ်ဝန်းကျင်က လူသိများသည့် အနုပညာရှင်စုံတွဲဖြစ်သော်လည်း၂၀၀၀ ပြည့်နှစ်တွင် ကွာရှင်းခဲ့သည်။

Most Read

Most Recent