ကျောက်တံခါးမြို့နယ် ကညင်ကျိုးကျေးရွာရှိ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရပြီး ကျေးရွာချင်းဆက် တာပေါင်လမ်းပေါ်၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲသဖြင့် နှစ်ဦး ဒဏ်ရာရရှိ

ကျောက်တံခါးမြို့နယ် ကညင်ကျိုးကျေးရွာရှိ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရပြီး ကျေးရွာချင်းဆက် တာပေါင်လမ်းပေါ်၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲသဖြင့် နှစ်ဦး ဒဏ်ရာရရှိ
Published 7 January 2023

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ နယ် ကညင်ကျိုးကျေးရွာရှိ Mytel တာဝါ တိုင်အား ဒေသန္တရလက်လုပ်မိုင်းဖြင့် ဖောက် ခွဲဖျက်ဆီးကာ ကျေးရွာချင်းဆက် တာပေါင် လမ်းပေါ်၌ လက်လုပ်မိုင်းတစ်လုံးထောင်ခဲ့ သဖြင့် ပေါက်ကွဲမှုဖြစ်ပွားကာ အမျိုးသားတစ် ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။

ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ကျောက်တံခါးမြို့နယ် စစ်တောင်းမြစ်ကမ်း ခြေရှိ ကညင်ကျိုးကျေးရွာ လယ်ကွင်းအတွင်း စိုက်ထူထားသည့် Mytel တာဝါတိုင်အား အကြမ်းဖက်သမားများက ဒေသန္တရလုပ်လုပ် မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ပြန်လည်ထွက် ပြေးစဉ် ကညင်ကျိုးကျေးရွာနှင့် လက်ခံကျေး ရွာသွား တာပေါင်လမ်းဘေး၌ လက်လုပ်မိုင်း တစ်လုံးထောင်ထားခဲ့သဖြင့် အဆိုပါမိုင်း ပေါက်ကွဲမှုကြောင့် ကညင်ကျိုးကျေးရွာ နေ သူများဖြစ်သည့် မောင်ရန်ပိုင်စိုး (၁၆ နှစ်)နှင့် မနန်းရွှေရည် (၂၀ နှစ်) တို့ နှစ်ဦးတွင် မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရသဖြင့် Mytel တာဝါတိုင်တွင် တပ်ဆင်ထားသည့် လိုင်းလွှင့်စက်သုံးလုံး၊ ပါ၀ါကြိုးတစ်ချောင်း၊ ပစ္စည်းကန့်ဘောက်တစ်လုံး၊ Power Cable ကြိုးများ၊ မီးစက်တစ်လုံး၊ ဘက်ထရီများပျက် စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိ သူများအား ပဲခူးပြည်သူ့ဆေးရုံကြီးနှင့် ကညင် ကျိုးတိုက်နယ်ဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ ကြောင်းနှင့် အဆိုပါ မိုင်းထောင်ဖောက်ခွဲသူ များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ် ပြန်ချက်အရ သိရသည်။

Most Read

Most Recent