မုဒုံမြို့နယ် ကော့ခပုံကျေးရွာရှေ့ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မုဒုံမြို့နယ် ကော့ခပုံကျေးရွာရှေ့ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ
​​​​​​​အခင်းဖြစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-မုဒုံ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်း)
​​​​​​​အခင်းဖြစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-မုဒုံ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်း)
Published 27 December 2022
ဘိုဘိုမြင့်

မွန်ပြည်နယ် မုဒုံမြို့နယ် ကော့ခပုံကျေး ရွာရှေ့ မော်လမြိုင် - သံဖြူဇရပ်ကားလမ်းတွင် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်က ယာဉ် နှစ်စီးတိုက်မှုဖြစ်ပွားပြီး အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ ကြောင်း ပရဟိတအရေးပေါ်လူမှုကူညီကယ် ဆယ်ရေးအသင်းများထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ခြောက်ဘီး မော်တော်ယာဉ်နှင့် ထော်လာဂျီတို့ တိုက်မိခဲ့ ခြင်းဖြစ်ကြောင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများ မှာ ထော်လာဂျီယာဉ်နှင့် လိုက်ပါလာသူများ ဖြစ်ကြောင်း သိရသည်။

“မနေ့ (ဒီဇင်ဘာ ၂၆ ရက်) က ကော့ခပုံ ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုမှာ က အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လူနာတွေကို မုဒုံမြို့နယ်ပြည်သူ့ဆေးရုံကို လူမှုကူညီကယ် ဆယ်ရေးအသင်းတွေက လူနာတင်ယာဉ်တွေ နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီလူနာတွေထဲ က ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးကိုတော့ မော်လမြိုင်ပြည် သူ့ဆေးရုံကြီးကို ထပ်မံပို့ဆောင်ပေးခဲ့ကြပါ တယ်”ဟု မုဒုံမြို့ခံ ပရဟိတအရေးပေါ်လူမှု ကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုအား မုဒုံပရဟိတ အရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအသင်း၊ သစ္စာပန်းခင်း (မုဒုံ) ပရဟိတအရေးပေါ်လူမှု ကူညီကယ်ဆယ်ရေးအသင်းနှင့် မြန်မာလူ ငယ် (မုဒုံ) ပရဟိတအရေးပေါ်လူမှုကူညီကယ် ဆယ်ရေးအသင်းတို့မှ ပူးပေါင်းကာ ကူညီကယ် ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ က စစ်ဆေးအရေးယူမှုများ လုပ်ဆောင်ထား ကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent