အမရပူရမြို့နယ်တွင် အိမ်အတွင်းသို့ ဝင်ရောက် အနုကြမ်းစီးမှု ဖြစ်ပွားပြီး အသက် ၆၀ အရွယ် အမျိုးသမီးအား သတ်ဖြတ်ကာ ရွှေယူဆောင်သွား

အမရပူရမြို့နယ်တွင် အိမ်အတွင်းသို့ ဝင်ရောက် အနုကြမ်းစီးမှု ဖြစ်ပွားပြီး အသက် ၆၀ အရွယ် အမျိုးသမီးအား သတ်ဖြတ်ကာ ရွှေယူဆောင်သွား
Published 23 December 2022

Photo - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီရုံး)

မန္တလေးမြို့၊ အမရပူရမြို့နယ်တွင် အိမ်တွင်းသို့ဝင်ရောက်ပြီး  အသက်၆ဝအရွယ် အမျိုးသမီးအားအနုကြမ်းစီးသတ်ဖြတ်ကာ ရွှေယူဆောင်သွားမှု ဒီဇင်ဘာလ၂၂ရက် ည၈နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အမရပူရမြို့ နယ်၊ဝက်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ အသက်၆ဝခန့်ရှိ အမျိုးသမီးတစ်ဦးတည်းရှိနေစဉ်  သတ်ခံခဲ့ရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

" အမရပူရမြို့ နယ်၊ဝက်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ အ သက်၆ဝခန့်ရှိ အမျိုးသမီးကြီးတစ်ဦး သတိလစ်နေကြောင်း သတင်းအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီရုံး)မှ ကူညီရန်သွားရောက်ခဲ့သည်"ဟု လူမှုကယ်ဆယ်ရေးအဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားခဲ့သည်ကိုလည်း တွေ့ရသည်။

ထို့ပြင် သေဆုံးသူ၏လည်ပင်းတွင် ဆွဲထားသည့် အလေးချိန် ၄ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံးမှာလည်း ပျောက်ဆုံးနေသည်ဟု သိရသည်။

 

Most Read

Most Recent