မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ

မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ
Published 8 December 2022

မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိမှု ဒီဇင်ဘာ ၈ ရက် နံနက် ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၈ ရက်  နံနက် ၉ နာရီခွဲကျော်ခန့် တွင် မင်္ဂလာဒုံမြို့နယ်စမ်းကြီးဝရပ်ကွက် ခရေ ပင်လမ်းမကြီးရှိ ရဲမွန် (၄) အိမ်ယာရှေ့တွင် ယာဉ်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေ စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါနေရာအနီးနေသူများထံမှ သိရသည်။

“မနက်ကိုးနာရီခွဲကျော်လောက်မှာ ဖြစ် တာပါ။ပေါက်ကွဲသံတော့ ကြားလိုက်ရတယ်။ ယာဉ်စစ်တဲ့ တစ်ဖက်ခြမ်းမှာပေါက်တာ”ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြား သည်။

ခရေပင်လမ်းခွဲတွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ခြင်းကြောင့် အဆိုပါနေရာအနီးတစ်ဝိုက် တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဆို ပါနေရာအနီးတွင် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးအား တွေ့ရှိသဖြင့် ယမ်း ကပ်ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း News Of Myanmar(NOM) သတင်းဌာန၏ ဖော်ပြ ချက်အရသိရသည်။

ထို့ပြင် ဒီဇင်ဘာ ၅ ရက်ကလည်း ကြည့် မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ် ရာရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့သည် ယာဉ်နောက်လိုက် သည် ဦးခေါင်းနှင့်ခြေထောက်တွင် ပေါက်ပြဲ စုတ်ပြတ်ဒဏ်ရာများရရှိကာ စိုးရိမ်ရအနေ အထားတွင်ရှိကြောင်း မျက်မြင်တို့အဆိုအရ သိရသည်။

ထို့ပြင် တောင်ဥက္ကလာမြို့နယ် ဝေဇ ယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်၊‌ ရေကူး အသံလွှင့်ဝင်းအနီးရှိ ယာဉ်ထိန်းရဲကင်းတွင် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ကနဦးသိရပြီး အတည်ပြု စုံစမ်းနေဆဲဖြစ်သည်။

ထို့အတူ စမ်းချောင်းမြို့နယ်၊ ဂွစျေး အနီး၊ ဗဟိုလမ်း ပလက်ဖောင်းပေါ်တွင် နိုဝင် ဘာ ၂၄ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး ကတ်ကြေးကိုက်စားနေသည့် အမျိုးသားတစ် ဦး သေဆုံးသွားကြောင်း သိရသည်။

ပေါက်ကွဲမှုသည် အမက (၃) ကျောင်း ရှေ့ အုတ်နံရံရှေ့ရှိ ပလက်ဖောင်းပေါ်တွင် ရောင်းချနေသည့် လမ်းဘေးကတ်ကြေး ကိုက်ဆိုင်ကပ်လျက်တွင် ဖြစ်ပွားခဲ့ရာ ယင်း အချိန် စားသုံးသူတစ်ဦးဖြစ်သည့် အဆိုပါ အမျိုးသားသည် ခြေထောက်နှစ်ချောင်းပြတ် ထွက်၍ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကို ကနဦးတွင် ဂက်စ်အိုးပေါက်ကွဲခြင်းဖြစ်သည်ဟု ပြောဆို မှုများရှိသော်လည်း ထပ်မံမေးမြန်းစုံစမ်းမှုများ အရ အခြားပေါက်ကွဲမှုဖြစ်ကာ ခြေထောက် နှစ်ချောင်းပြတ်ထွက်သွားသည့် အမျိုးသား မှာလည်း သေဆုံးသွားကြောင်း သိရသည်။

ထို့ပြင် အလုံမြို့နယ်၊ အောက်ကြည့်မြင် တိုင်လမ်း၊ သခင်မြပန်းခြံအတွင်း အများသုံး သန့်စင်ခန်း၌ ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုး သားတစ်ဦး ဒဏ်ရာရရှိမှု နိုဝင်ဘာ ၂၀ ရက် ည နေ ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာမှာ  အများသုံး အမျိုးသားသန့်စင်ခန်းတွင်ဖြစ်ပြီး   ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဗုံးစထိ မှန်ဒဏ်ရာများရရှိခဲ့သည်။

အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းရှိ ပြအနူ ဆက်သွယ်ရေး တာဝါတိုင်အနီးတွင် နိုဝင်ဘာ ၁ ရက် ည ၈ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါပေါက်ကွဲမှုတွင် လူထိခိုက်မှုမရှိ ကြောင်းနှင့်Mytel ဆက်သွယ်ရေးတာဝါ တိုင် ထိခိုက်မှု ရှိ မရှိကိုမူ မသိရှိကြောင်း ရပ် ကွက်နေသူများက ပြောကြားသည်။

Most Read

Most Recent