မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ချင်းရွှေ ဟော်တွင် နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်က တပ်မတော်နှင့် မြန်မာ့အမျိုးသား ဒီမိုကရက် တစ်မဟာမိတ် ကိုးကန့် (MNDAA) အဖွဲ့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကိုးကန့် အဖွဲ့က ထုတ်ပြန်သည်။
ချင်းရွှေဟော်တွင်ရှိသည့် ကိုးကန့်အဖွဲ့၏ တပ်စခန်းတစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကိုးကန့်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
နိုဝင်ဘာ ၂၈ ရက် နံနက် ၈ နာရီခန့်တွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့အကြား မိနစ် ၂၀ ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ကိုးကန့်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်ကလည်း ကိုးကန့် (MNDAA) အဖွဲ့၏ နမ့်ဖာတောင်စခန်းတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး နေ့လယ် ၁ နာရီ ၁၀ မိနစ်ခန့်တွင် ပြန်လည်ငြိမ်သက်သွားခဲ့ကြောင်း ကိုးကန့်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ကိုးကန့် (MNDAA) အဖွဲ့က ထုတ် ပန်သည့် တိုက်ပွဲဖြစ်ပွားချိန်ကို ရိုက်ကူးထားသော ရုပ်သံတွင်မူ နှစ်ဖက်အပြန်အလှန် ပစ်ခတ်သံများကို ကြားနေရသည်။
အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ဘက်မူ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။