ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMIT) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ် မကြာမီဖွင့်လှစ်ပြီး တန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်

ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMIT) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ် မကြာမီဖွင့်လှစ်ပြီး တန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်
Published 29 August 2022

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMIT) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ် မကြာမီဖွင့်လှစ်ပြီး တန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း  ရခိိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Bibekananda Bhattamishra နှင့် တာဝန်ရှိသူများနှင့် ရခိိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ သြဂုတ် ၂၇ ရက်က တွေ့ဆုံခဲ့ရာတွင် အိန္ဒိယကောင်စစ်ဝန်နှင့် KMTT ဆိပ်ကမ်းတာဝန်ရှိသူများက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာချစ်ကြည်ရေးအစီအစဉ်အရ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့် KMTT@kaladan Multi-Transit Transport စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသစ်သည် မကြာမီစတင်လည်ပတ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း၊ ဆိပ်ကမ်းစတင်လည်ပတ်နိုင်ရေး လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း လက်ခံကြိုဆိုကြောင်း၊ လိုအပ်သည်များကို အချိန်မရွေး ဆက်သွယ်စုံစမ်းလာပါက ကြိုဆိုလျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ကုန်သွယ်မှုလုပ်ငန်းစဉ်များ လွယ်ကူစွာဖြင့် စနစ်တကျဖွံ့ဖြိုးပါဝင်လာစေရေနှင့် သတင်းအချက်အလက်များ အပြန်အလှန်မျှဝေသိရှိနိုင်ရေးအတွက် ရခိုင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် လက်တွဲဆောင်ရွက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်နှင့် KMTT ဆိပ်ကမ်းတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ရခိိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည်။

အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Bibekananda Bhattamishra ၏ ဖိတ်ကြားမှုဖြင့် ညစားစားပွဲအခမ်းအနားကို Royal Sittwe Resort ၌ သြဂုတ် ၂၇ ရက်က ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးတင်အောင်ဦးနှင့် တာဝန်ရှိသူများ၊ ရခိုင်ကမ်းရိုးတမ်းသွား ရေယာဉ်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးရွှေမောင်၊ ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသန်းရွှေနှင့် ဆန်စက်လုပ်ငန်းရှင်များ၊ ရခိုင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း REA မှဥက္ကဋ္ဌ ဦးခင်မောင်ကြီး၊ ရခိုင်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း RYEA မှ ဥက္ကဋ္ဌဦးကျော်မင်းထွန်း၊  Rakhine MSME အသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါ်ဟေမာစံနှင့်တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် ကုန်းလမ်းအဝေးပြေး သယ်ယူပို့ဆောင်ရေးအသင်းမှ ဦးမောင်ဝင်းချေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယဘက်မှ အိန္ဒိယကောင်စစ်ဝန်ချုပ်နှင့် စီးပွားရေးကောင်စစ်ဝန် Mr.Tsewang Gyaltson၊ အိန္ဒိယ-မြန်မာချစ်ကြည်ရေးဆိပ်ကမ်း KMTT Port Operator (AtoZ EXIM Company) ၏ ဦးဆောင်တာဝန်ခံ Mr.Vikash Kumar Rai နှင့် ဆိပ်ကမ်းတာဝန်ရှိသူများ၊ အိန္ဒိယကောင်စစ်ဝန်ရုံး၏ အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Recent