ရေအားလျှပ်စစ်စီမံကိန်းအသစ်ခြောက်ခုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်ရန် တင်ဒါခေါ်ယူ

ရေအားလျှပ်စစ်စီမံကိန်းအသစ်ခြောက်ခုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်ရန် တင်ဒါခေါ်ယူ
လောပိတရေအားလျှပ်စစ်စီဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်
လောပိတရေအားလျှပ်စစ်စီဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်
Published 5 July 2022

ရေအားလျှပ်စစ်စီမံကိန်းအသစ်ခြောက်ခုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တင်ဒါခေါ်ယူထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ရေအားလျှပ်စစ်စီမံကိန်းအသစ်ခြောက်ခုအား ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာပြုစုခြင်းအပါအဝင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စိတ်ပါဝင်စားသူလုပ်ငန်းရှင်ကုမ္ပဏီများသို့ လုပ်ငန်းအပ်နှံမည်ဟုသိရသည်။

အဆိုပါစီမံကိန်းအသစ်ခြောက်ခုမှာ ဖုန်အင်ခရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာပြုစုခြင်းအပါအဝင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း (Tender No.07/DHPI(P&W)/2022-2023)၊ ကဆန်ရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာပြုစုခြင်းအပါအဝင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း (Tender No.08/DHPI(P&W)/2022-2023)၊ နမ့်မယ်ဆိုင် ရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာပြုစုခြင်းအပါအဝင် စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း (Tender No.09/DHPI(P&W)/2022-2023)၊ နမ့်ကန်ရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာပြုစုခြင်းအပါအဝင် စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း (Tender No.10/DHPI(P&W)/2022-2023)၊ နမ့်တဘက်(ကယား)ရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာပြုစုခြင်းအပါအဝင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း (Tender No.11/DHPI(P&W)/2022-2023)၊ အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာပြုစုခြင်းအပါအဝင် စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်း (Tender No.12/DHPI(P&W)/2022-2023) တို့ဖြစ်သည်။

တင်ဒါပုံစံနှင့်အချက်အလက်များကို ရုံးအမှတ်(၂၇)၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ သုံးထပ်ဆောင်၊ ရုံးသစ်၊ နေပြည်တော်တွင် ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ကြောင်း၊ တင်ဒါပုံစံများကို  ၂၀၂၂ ခုနှစ် ဇူလိုင် ၁၈ ရက်မှ သြဂုတ် ၅ ရက်အထိ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားသည်။

 

 

 

Most Read

Most Recent