Commercial Flight များ ဆင်းသက်မှုစတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Thai Air Asia ၏ ဘန်ကောက်-ရန်ကုန်လေကြောင်းခရီးစဉ်များ ပြန်လည်ပျံသန်း

Commercial Flight များ ဆင်းသက်မှုစတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Thai Air Asia ၏ ဘန်ကောက်-ရန်ကုန်လေကြောင်းခရီးစဉ်များ ပြန်လည်ပျံသန်း
Published 4 July 2022

Commercial Flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Thai Air Asia ၏ ဘန်ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်များ ပြန်လည်ပျံသန်းခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

Thai Air Asia ၏ လေကြောင်းခရီးစဉ်များကို ဇူလိုင် ၁ ရက်မှစတင်ကာ ရန်ကုန်လေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက် ဒေသစံတော်ချိန် နံနက် ၈နာရီ ၂၅ မိနစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ပျံသန်းဆိုက်ရောက်လာသော Thai Air Asia ၏ လေယာဉ်အမှတ် FD 252 သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။             

နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သည့် AirAsia (Behad) ၏ ကွာလာလမ်ပူ-ရန်ကုန်လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဇွန် ၃ ရက်မှစတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့ကြောင်း သိရသည်။

Air Asia (Behad) သည် ရန်ကုန်မြို့နှင့် ကွာလာလမ်ပူမြို့အကြားအပတ်စဉ် တနင်္လာနှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် နှစ်ကြိမ် တိုက်ရိုက်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

Commercial Flight များ ဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်သည် ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်တွင် Nok Air၊ THAI Smile နှင့် Air Asia လေကြောင်းလိုင်းများက ခရီးစဉ်များ ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။

၂၀၂၀ ခုနှစ် မတ် ၂၉ ရက်မှစတင်ကာ ဆိုင်းငံ့ထားခဲ့သည့် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှစတင်ကာ Singapore Airlines ၏ စင်ကာပူ-ရန်ကုန်ခရီးစဉ်ဖြင့် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် Commercial Flight များ ဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Malaysia Airlines၊ Singapore Airlines၊ ပြည်တွင်းလေကြောင်းလိုင်းနှစ်ခုဖြစ်သည့် MAI နှင့် MNA လေကြောင်းလိုင်းများက နိုင်ငံတကာခရီးစဉ်များကို ပျံသန်းနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၁ ရက်တွင် Thai Smile လေကြောင်းလိုင်း၊ ဇွန် ၃ ရက်တွင် Air Asia(Behad) လေကြောင်းလိုင်းနှင့် ဇူလိုင် ၁ ရက်တွင် Nok Air လေကြောင်းလိုင်း၊ Thai Smile လေကြောင်းလိုင်းများက ပြန်လည်ပျံသန်းကြမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာလေကြောင်းခရီးစဉ်များဆင်းသက်မှု ယာယီရပ်ဆိုင်းထားပြီး ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များသာ ပျံသန်းနေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Commercial Flight များအား ပြန်လည်စတင်နေပြီဖြစ်ပြီး နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များပုံ မှန်ပျံသန်းနေပြီဖြစ်သည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာတွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ယာယီကန့်သတ်သည့်အစီအစဉ်အား ဧပြီ ၁၆ ရက်ထိ သတ်မှတ်ပြီး ကိုဗစ်ရောဂါ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ ဧပြီ ၁၇ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းချက်များအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရသည်။

Most Read

Most Recent