မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန်ကို ခေါ်ယူရန် အာဆင်နယ်နှင့် ဘာစီလိုနာ စိတ်ဝင်စား

မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန်ကို ခေါ်ယူရန် အာဆင်နယ်နှင့် ဘာစီလိုနာ စိတ်ဝင်စား
Photo: Mirror
Photo: Mirror
Published 19 May 2022

အာဆင်နယ်နှင့် ဘာစီလိုနာအသင်းတို့သည် မန်စီးတီး ကွင်းလယ်လူ ဂွန်ဒိုဂန်အား ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရသည်။

အသက် (၃၁)နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ ဂွန်ဒိုဂန်သည် မန်စီးတီးအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။

သို့သော် မန်စီးတီးအသင်းသည် ဂွန်ဒိုဂန်ကို ယခုနွေရာသီတွင် အသင်းမှထွက်ခွာခွင့်ပေးထားသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

ထို့ကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့် ဂွန်ဒိုဂန်ကို ဘာစီလိုနာနှင့် အာဆင်နယ်အသင်းတို့က အပြိုင်စိတ်ဝင်စားနေကြ ခြင်းဖြစ်ကြောင်း သိရသည်။

ဂွန်ဒိုဂန်သည် မန်စီးတီးအသင်းတွင် (၆)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၅၂)ပွဲကစားထားပြီး (၄၇) ဂိုး သွင်းယူပေးထားသည်။ 

Most Read

Most Recent