ရွှေစျေးနှုန်း ကျပ်သိန်း ၂၀ ရှိနေသဖြင့် စျေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌပြောကြား

ရွှေစျေးနှုန်း ကျပ်သိန်း ၂၀ ရှိနေသဖြင့် စျေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌပြောကြား
Published 9 May 2022

ရွှေစျေးနှုန်း ကျပ်သိန်း ၂၀ ရှိနေသဖြင့် စျေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။

“စျေးကွက်တော့ အေးတယ်ကွ။ စျေးကလည်း အတက်အကျဖြစ်နေတော့ အရောင်းအဝယ်နည်းနည်းအေးတယ်။ ပုံမှန်ထက်ကို အေးနေတယ်။ အဝယ်ကိုမရှိတာပါကွာ။ ဆိုင်တွေလည်း ဒီလိုပဲဟောင်းလောင်းတွေဖြစ်နေတာ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။

မေ ၉ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့်စျေးနှုန်းအရ အကယ်ဒမီ မီးလင်းရွှေမှာ တစ်ကျပ်သားလျှင် ကျပ်သိန်း ၂၀ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဆုံးဖြတ်ချက်ငါးရပ်ကို ထုတ်ပြန်ခဲ့သည်။

ဆုံးဖြတ်ချက်ငါးရပ်မှာ ရွှေစျေးကွက်အတွင်း ရွှေကုန်ကြမ်းပြတ်လပ်မှုမရှိရေးအတွက် နိုင်ငံခြားမှ တင်သွင်းနိုင်ရေးကို ဆောင်ရွက်ရန်၊ ရွှေဆိုင်နှင့် ရွှေကုန်သည်များမှ YGEA ရွှေစျေးနှုန်း၏ ကျပ် ၅၀၀၀ ပေါင်းထည့်ပြီး ရောင်းဝယ်ခြင်းကို ဆောင်ရွက်ရန်၊ ဗဟိုဘဏ်မှ ရွှေရောင်းချပေးရေးအတွက် တင်ပြရန်၊ ရွှေတွင်းလိုင်စင်ရှိ ပုဂ္ဂိုလ်များနှင့်ဆက်သွယ်ပြီး ရွှေဝယ်ယူမှုကို ဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော်ရောင်းဝယ်မှုများတွင် တိုင်းနှင့်ပြည်နယ်အသင်းများနှင့် ဆက်သွယ်၍ တားဆီးရန်တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်းစံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက်စံချိန်တင်စျေးနှုန်းများမှာ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀  ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉- ၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉- ၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ရှိခဲ့သည်။

Most Read

Most Recent