၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်မှ ဒေါ်လာ ၂၂၉၇ သန်းကျော်နှင့် စင်ကာပူမှ ဒေါ်လာ ၁၆၀၂ သန်းကျော်ဖြင့် အစဉ်လိုက်ရပ်တည်

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်မှ ဒေါ်လာ ၂၂၉၇ သန်းကျော်နှင့် စင်ကာပူမှ ဒေါ်လာ ၁၆၀၂ သန်းကျော်ဖြင့် အစဉ်လိုက်ရပ်တည်
မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်
မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်
Published 6 May 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်မှ ဒေါ်လာ ၂၂၉၇ သန်းကျော်နှင့် စင်ကာပူမှ ဒေါ်လာ ၁၆၀၂ သန်းကျော်၊ ထိုင်းမှဒေါ်လာသန်း ၁၀၆၂ ကျော်ဖြင့် အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။     

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လကုန်အထိ Mini Budget ကာလအတွင်း တရုတ်နိုင်ငံမှ ဒေါ်လာ ၂၂၉၇ ဒသမ ၃၂ သန်း၊ စင်ကာပူမှ ဒေါ်လာ ၁၆၀၂ ဒသမ၆၆ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၀၆၂ ဒသမဝ၁ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၇၀၈ ဒသမ ၁၁ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ ၆၀၉ ဒသမ ၄၇ သန်း၊ အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၃၁၁ ဒသမ ၁၆ သန်း၊ ဗီယက်နမ်နိုင်ငံမှ ၁၈၉ ဒသမ ၁၁ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၁၅၈ ဒသမ ၃၆ သန်း၊ ဂျပန်နိုင်ငံမှ ဒေါ်လာ ၁၂၁ ဒသမ ၂၆ သန်းနှင့် အမေရိကန်မှ ဒေါ်လာ ၉၄ ဒသမ ၂၅ သန်းတင်သွင်းထား ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ သန်းကျော်၊ စင်ကာပူမှ ဒေါ်လာ ၂၆၀၄ သန်းကျော်နှင့် ထိုင်းနိုင်ငံမှ ဒေါ်လာ သန်း ၁၉၈၀ ကျော်ဖြင့် အစဉ်လိုက် ရပ်တည် နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထား သည့်နိုင်ငံများတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန်တို့ ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့  သွင်းကုန်အများဆုံးတင်သွင်းမှု အနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ ဒသမ ၁၀ သန်း၊စင်ကာပူမှ ဒေါ်လာ၂၆၀၄ ဒသမ၂၂ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၉၈၀ ဒသမ ၈၉ သန်း၊အင်ဒိုနီးရှားနိုင်ငံမှ ၁၁၆၄ ဒသမ ၅၁ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၇၈၇ ဒသမ ၃၄သန်း၊ အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၃၈၆ ဒသမ ၅၄ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၃၇၆ ဒသမ ၈၅ သန်း၊ ဗီယက်နမ်နိုင်ငံမှ ၅၈ သန်း၊ဂျပန်နိုင်ငံမှဒေါ်လာ ၃၅၂ ဒသမ ၄၆ သန်းနှင့် အမေရိကန်မှ ဒေါ်လာ ၂၂၇ ဒသမ ၃၂ သန်းတင်သွင်းထားကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှစက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်းတင်သွင်း ထားသည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွင်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃၀၀ သန်းကျော်ရှိပြီး ယခင်နှစ် ကာလ တူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၃၀ ကျော်လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှစက်တင်ဘာလကုန်အထိ မြန်မာဘက်မှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တန်ဖိုး ဒေါ် လာ ၆၁၆ ဒသမ ၄၆၄ သန်းအထိတင်ပို့ထားပြီး အိန္ဒိယဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၆၉၆ ဒသမ ၉၃၇  သန်းအထိ တင်သွင်းထားကာ စုစုပေါင်းကုန်သွယ်မှု ပမာဏဒေါ်လာ  ၁၃၁၃ ဒသမ ၄၀၁ သန်းရရှိထားသည်။

COVID-19 ကြောင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ သန်း ၅၁၀၀ ကျော်ရှိပြီး ယ ခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၃၅၀ ကျော်လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၁၃ ဒသမ ၄၈၆ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၀၉ ဒသမ ၄၇၉ သန်းရရှိထားသည်။

 

 

Most Read

Most Recent