၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မတိုင်မီ DICA တွင် မှတ်ပုံတင်ထားပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ်သတ်မှတ်ခြင်း မပြုရသေးသည့် ပုဂ္ဂိုလ်စု/အဖွဲ့အစည်းများ ဇွန်လကုန် နောက်ဆုံးထားလျှောက်ထားရန် ထုတ်ပြန်

၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မတိုင်မီ DICA တွင် မှတ်ပုံတင်ထားပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ်သတ်မှတ်ခြင်း မပြုရသေးသည့် ပုဂ္ဂိုလ်စု/အဖွဲ့အစည်းများ ဇွန်လကုန် နောက်ဆုံးထားလျှောက်ထားရန် ထုတ်ပြန်
  ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
  ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
Published 6 May 2022

၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မတိုင်မီ  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ထားပြီး အခွန်ထမ်း မှတ်ပုံတင်အမှတ်သတ်မှတ်ခြင်း မပြုရသေးသည့် ပုဂ္ဂိုလ်စု/အဖွဲ့အစည်းများ ဇွန်လကုန် နောက်ဆုံးထားလျှောက်ထားရန်  ပြည်တွင်း အခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အခွန်စီမံခန့်ခွဲမှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုများကို အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရန်နှင့် အခွန်ထမ်းမှတ်ပုံတင် အမှတ်သတ်မှတ်ခြင်း လုပ်ငန်းစဉ်များကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပုဂ္ဂိုလ်စု/အဖွဲ့အစည်းများအတွက်အခွန်ထမ်း မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်းသည့် အမိန့်ကြော်ငြာစာ အမှတ် ၂၀/၂၀၂၂ ကို ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၂၂ အရ ပုဂ္ဂိုလ်စု/အဖွဲ့အစည်းများ၏ အခွန်ထမ်း မှတ်ပုံတင်အမှတ် နောက်ဆုံးထားလျှောက်ထားရမည့် သတ်မှတ်ရက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ (က) ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မတိုင်မီ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number) သတ်မှတ်ခြင်း မပြုရသေးသည့် ပုဂ္ဂိုလ်စု/အဖွဲ့အစည်းများဖြစ်ပါက ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက် နောက်ဆုံးထားလျှောက်ထားရန်ဖြစ်သည်။ (ခ) ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ပြီးသည့် ပုဂ္ဂိုလ်စု/အဖွဲ့အစည်းများ ဖြစ်ပါက မှတ်ပုံတင်ပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း၌ လျှောက်ထားရန်ဖြစ်သည်။

အခွန်ထမ်းမှတ်ပုံတင်အမှတ်ရရှိပြီးသည့် အခွန်ထမ်းများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ရာတွင်လည်းကောင်း၊ ငွေပေးချေမှုများ ဆောင်ရွက်ခြင်း၊ ကုန်စည်တင်သွင်းခြင်း၊ ပို့ကုန်သွင်းကုန်လိုင်စင်လျှောက် ထားခြင်း၊ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခြင်းအပါအဝင် လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်ရာတွင်လည်းကောင်း အခွန်ထမ်းမှတ်ပုံတင် အမှတ်ကို မပျက်မကွက် အသုံးပြုရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပုဂ္ဂိုလ်စု/အဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ရက်များအတွင်း အခွန်ထမ်းမှတ်ပုံတင်အမှတ်အား မပျက်မကွက်လျှောက်ထားရန် လိုအပ်ကြောင်းနှင့် အခွန်ထမ်းမှတ်ပုံတင် လျှောက်ထားရာတွင် ရွေးချယ်နိုင်သည့်နည်းလမ်းများ၊ အသုံးပြုရမည့် သတ်မှတ်ပုံစံများ၊ တင်ပြရန်လိုအပ်သည့် အထောက်အထားများကို ပုဂ္ဂိုလ်စုအခွန်ထမ်းများအတွက် အခွန်ထမ်း မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာများ လက်ကမ်းစာစောင်တွင် ဖတ်ရှုလေ့လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသေးစိတ်သိရှိလိုပါက ပြန်ကြားရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၃၀၅၃၃၊ ၀၆၇-၃၄၃၀၅၂၂ (သို့မဟုတ်) အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့၊အမှတ် - ၁၂၈/၁၃၂(ဒုတိယထမ်နှင့် တတိယထပ်)၊ ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)၊  ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊ ဖုန်းနံပါတ် -၀၁-၈၃၈၉၃၁၁၊၀၁-၈၃၈၉၃၂၂ (သို့မ ဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တ လေး)၊  ၆၅ လမ်း၊၂၂_၂၃ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ ဖုန်း-၀၂-၄၀၃၀၁၉၂ သို့ ဆက်သွယ်နိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

                           

Most Read

Most Recent