၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လအတွင်း ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၂၀၃ တန်ကျော် ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ ၁၈၇ တန်ကျော်ဖြင့် အများဆုံးဖြစ်

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လအတွင်း ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၂၀၃ တန်ကျော် ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ ၁၈၇ တန်ကျော်ဖြင့် အများဆုံးဖြစ်
မြန်မာနိုင်ငံအထက်ပိုင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
မြန်မာနိုင်ငံအထက်ပိုင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 5 May 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်း ခဲမဖြူနှင့် အဖြိုက်နက် ဖက်စပ်လုပ်ကွက်များမှ သတ္တုတန်ချိန် ၂၀၃ တန်ကျော် ထုတ်လုပ်ထားပြီး တနင်္သာရီတိုင်းဒေသကြီးမှ ၁၈၇ တန်ကျော်ဖြင့် အများဆုံးဖြစ်ထုတ်လုပ်ထားကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လဘဏ္ဍာရေးနှစ်အတွင်း လအလိုက် သတ္တုထုတ်လုပ်မှုအ နေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် သတ္တုတန်ချိန် ၈၄ ဒသမ ၈၆၂ တန်၊ နိုဝင်ဘာလတွင် ၃၇ ဒသမ ၀၃၂ တန်၊ ဒီဇင်ဘာလတွင် ၃၆ ဒသမ ၃၃၀ တန်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ၃ ဒသမ ၀၃၂ တန်၊ ဖေဖော်ဝါရီလတွင် ၂၉ ဒသမ ၀၄၈ တန်၊ မတ်လတွင် ၁၃ ဒသမ ၅၆၄ တန်ဖြင့် စုစုပေါင်း ၂၀၃ ဒသမ ၈၆၈ တန်ထုတ်လုပ်ထားသည်။

အဆိုပါကာလအတွင်း ကယားပြည်နယ်မှ ၁၆ ဒသမ ၂၅၆ တန်၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၈၇ ဒသမ ၆၁၂ တန်ထုတ် လုပ်ထားကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်  ခဲမဖြူနှင့်အဖြိုက်နက်ထုတ်လုပ်မှုတွင် ကယားပြည်နယ်တွင် ၂၀၁၉ ခုနှစ် အောက်တို ဘာလအတွင်း  ၁၈ ဒသမ ၂၈၉ တန်၊ နိုဝင်ဘာတွင် ၂၀ ဒသမ ၃၂၀၀ တန်၊ ဒီဇင်ဘာတွင် ၂၁ ဒသမ ၃၃၇၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၂၃ ဒသမ ၃၆၉၀ တန်၊ ဖေဖော်ဝါရီလတွင် ၂၁ ဒသမ ၃၃၇ တန်နှင့် မတ်လတွင် ၁၈ ဒသမ ဒသမ ၂၈၉၀ တန်နှင့် ဇူလိုင်လတွင် ၁၅ ဒသမ ၂၄၁၀  တန်၊ သြဂုတ်လတွင် ၂၀ ဒသမ ၃၂၁၀ တန်၊ စက်တင်ဘာလတွင် ၁၅ ဒသမ၂၄၁၀ တန်ဖြင့် စုစုပေါင်း ၁၇၃ ဒသမ ၇၄၄၀ တန် ထုတ်လုပ်ထားသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၉  ခုနှစ် အောက်တိုဘာတွင် ၁၀ တန်၊ နိုဝင်ဘာတွင် ၄၅ ဒသမ ၈၂၂၁တန်၊ ဒီဇင်ဘာလတွင် ၃၆ ဒသမ ၁၇၄၀ တန်နှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၃၃ တန်၊ ဖေဖော်ဝါရီတွင် ၄၅ ဒသမ ၇၁၄၀ တန်နှင့် မတ်လတွင် ၅၅ တန် နှင့် ဧပြီလတွင် ၂၈ တန်နှင့် မေလတွင် ၇၅ တန်၊ ဇွန်လတွင် ၃၁ တန်နှင့်ဇူလိုင်လတွင် ၁၀ ဒသမ ၉၃၉၀ တန်၊ သြဂုတ်လတွင် ၁၈ ဒသမ ၀၁၁၀ တန်၊ စက်တင်ဘာလတွင် ၄၇ ဒသမ ၆၅၁၀ တန်ဖြင့် စုစုပေါင်း ၄၃၆ တန်ကျော် ထုတ်လုပ်ထားသည်။

လအလိုက်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၂၈ ဒသမ ၂၈၉၀ တန်၊ နိုဝင်ဘာတွင် ၆၆ ဒသမ ၁၄၂၀ တန်၊ ဒီဇင်ဘာတွင် ၅၇ ဒသမ ၄၁၁၀ တန်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၅၆ ဒသမ ၃၆၉၀ တန်၊ ဖေဖော်ဝါရီတွင် ၆၇ ဒသမ ၁၅၁၀ တန်၊ မတ်လတွင် ၇၃ ဒသမ ၂၈၉၀ တန်နှင့် ဧပြီလတွင် ၂၈ တန်နှင့် မေလတွင် ၇၅ တန်၊ ဇွန်လတွင် ၃၁ တန်နှင့် ဇူလိုင်လတွင် ၂၆ ဒသမ ၁၈ တန်၊ သြဂုတ်လတွင် ၃၈ ဒသမ ၃၃၂၀ တန်၊ စက်တင်ဘာလတွင် ၆၂ ဒသမ ၈၉၂၀ တန်ဖြင့် စုစုပေါင်း ၆၀၉ ဒသမ ၉၅၅၀ တန် ထုတ်လုပ်ထားသည်။

 

 

Most Read

Most Recent