စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၁၀ ရှိသည့် နမ္မတူ (သီပေါ) ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန် စီမံကိန်းဆိုင်ရာပဋိညာဉ်စာချုပ် လက်မှတ်ရေးထိုး

စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၁၀ ရှိသည့် နမ္မတူ (သီပေါ) ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန် စီမံကိန်းဆိုင်ရာပဋိညာဉ်စာချုပ် လက်မှတ်ရေးထိုး
နမ္မတူ (သီပေါ) စီမံကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ်လက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ-MOEE)
နမ္မတူ (သီပေါ) စီမံကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ်လက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ-MOEE)
Published 30 April 2022

စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၁၀ ရှိသည့် နမ္မတူ (သီပေါ) ရေအားလျှပ်စစ်စီမံကိန်းအတွက် အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ်ကို ဧပြီ ၂၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားစီမံရေးဦးစီးဌာနနှင့် Natural Current Energy Hydropower Co,Ltd တို့အကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နမ္မတူမြစ်ပေါ် တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီမံ ကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ်လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်။

နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် တည်ရှိ၍ စက်တပ်ဆင်အင်အား (၂၁၀ မဂ္ဂါ ဝပ်)မှ တစ်နှစ်လျှင် ဓာတ်အားယူနစ် ကီလို ဝပ်နာရီသန်းပေါင်း (၁,၀၀၆) သန်းထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားသည်။

အဆိုပါစီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို ဓာတ်အားပို့လွှတ်ရေး လိုင်းများမှတဆင့် ဓာတ်အားသုံးစွဲသူများထံ ပို့ဆောင်ပေးမည်ဖြစ်သဖြင့် အိမ်ထောင်စုများစွာကို လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်မည်ကြောင်း၊ ထို့ကြောင့် Natural Current Energy Hydropower Co,Ltd  အနေဖြင့် စီမံကိန်းကို သတ်မှတ်အချိန်ကာလအတိုင်း ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းများ၊ နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်သုံးလျှပ်စစ်စီ မံကိန်းများ စသည်တို့ကို သန့်ရှင်းသော စွမ်းအင်မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြား သည်။

အဆိုပါ နမ္မတူမြစ်ပေါ်တွင် အကောင် အထည်ဖော်တည်ဆောက်မည့် နမ္မတူ (သီပေါ) ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ပဋိ ညာဉ်စာချုပ်အား လျှပ်စစ်ဓာတ်အားစီမံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိခိုင် နှင့် Natural Current Energy Hydropower Co,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းထွန်းထွန်းဦးတို့မှ လက်မှတ်ရေးထိုးခဲ့ ကြခြင်းဖြစ်သည်။

လက်ရှိလိုအပ်နေသည့် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးအတွက် ဆောင်ရွက်နေသည့် စီမံကိန်းများကို အမြန်ဆုံး အ ကောင်ထည်ဖော်နိုင်ရန်နှင့် စီမံကိန်းအသစ်များကိုလည်း ထပ်မံဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဧပြီ ၂၁ ရက်က ပြည်ပသတင်းမီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်းမြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅ ဘီလျံကျော်အထိ ဝင် ရောက်ထားပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ၏ ၂၈ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးဖြစ်သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၉၅၀ ကျော်ဝင် ရောက်ထားပြီး စုစုပေါင်းမြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၏ လေးရာခိုင်နှုန်းကျော်သာရှိသည်။

 

 

Most Read

Most Recent