Commercial Flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် MAI လေကြောင်းလိုင်းက ကွာလာလမ်ပူ၊ ဒေလီနှင့် ကိုလ်းကတ္တားသို့ ပုံမှန်ခရီးစဉ်များ ပြန်လည်ပျံသန်း

Commercial Flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် MAI လေကြောင်းလိုင်းက ကွာလာလမ်ပူ၊ ဒေလီနှင့် ကိုလ်းကတ္တားသို့ ပုံမှန်ခရီးစဉ်များ ပြန်လည်ပျံသန်း
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း၏ လေယာဉ်တစ်စီးအားတွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း၏ လေယာဉ်တစ်စီးအားတွေ့ရစဉ်
Published 29 April 2022

Commercial Flight များဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း MAI က ကွာလာလမ်ပူ၊ ကိုလ်းကတ္တားနှင့် ဒေလီသို့ သတ်မှတ်ထားသည့်ရက်များတွင် ပုံမှန်ခရီးစဉ်များ ပြန်လည် ပျံသန်းနေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ဆင်းသက်မှု ယာယီရပ်ဆိုင်းထားပြီး ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များသာ ပျံသန်းနေ သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Commercial Flight များအား ပြန်လည်စတင်နေပြီဖြစ်ပြီး နိုင်ငံပိုင် မြန်မာ အမျိုးသားလေကြောင်းလိုင်း၏ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူ ခရီးစဉ်များ ပုံမှန်ပျံသန်းနေပြီဖြစ်သည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပထမဆုံးပြန်လည် ဆင်းသက်သည့် Commercial Flight အနေဖြင့် မြန်မာအမျိုးသားလေကြောင်းလိုင်း UB 1002 သည် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့  ပထမဆုံး ပြန်လည်ဆင်းသက်ခဲ့သည့် Commercial Flight တွင် ခရီးသည် စုစုပေါင်း ၁၂၄ ဦး လိုက်ပါခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)က ဧပြီလအတွင်း ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုး၊ ကိုလ်းကတ္တားနှင့် ဒေလီသို့ အထူးခရီးစဉ်များ ပျံသန်းသွားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)သည် ဧပြီလတွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ အပြတ်စဉ် အင်္ဂါ၊ ကြာသပတေး နှင့် စနေနေ့များတွင်လည်းကောင်း၊ စင်ကာပူသို့ အပတ်စဉ် တနင်္လာ၊ စနေနေ့များတွင် လည်းကောင်း၊ ကိုလ်းကတ္တားနှင့် ဒေလီသို့ သတ်မှတ်ထားသည့်ရက်များတွွင် ပျံသန်းခဲ့ကြောင်း သိရသည်။

ဧပြီ  ၁ ရက်မှစတင်ကာ COVID-19 ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသည့် ခရီးသည်များ စင်ကာပူနိုင်ငံသို့ ဆိုက် ရောက်ချိန်တွင် Entry Approval ပြသရန် နှင့် Quarantine ဝင်ရန်မလိုအပ်တော့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာတွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှု နှုန်းတို့သိသာစွာ ကျဆင်းလာသဖြင့် မြန်မာ နိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံ သားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ယာယီကန့်သတ် သည့်အစီအစဉ်အား ဧပြီ ၁၆ ရက်ထိ သတ်မှတ်ပြီး ကိုဗစ်ရောဂါ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ ဧပြီ ၁၇ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းချက်များအတိုင်း ပုံမှန်ပြန် လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရသည်။

အရေးပေါ် အစိုးရတာဝန်ဖြင့် ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ(သံတမန်များ နှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ် ဆယ်ရေးလေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ် ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံးမြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူ အညီတောင်းခံရမည် ဖြစ်ကြောင်း သိရသည်။     

 

 

Most Read

Most Recent