ဒေါ်လာမှ ကျပ်ငွေသို့ လဲလှယ်မှုဆိုင်ရာ ကင်းလွတ်ခွင့်များသည် မြန်မာကျပ်ငွေ လဲလှယ်မှုနှုန်းထား တည်ငြိမ်မှု အခြေအနေအပေါ် မူတည်ပြီး တားမြစ်မှုများ ရုပ်သိမ်းနိုင်

ဒေါ်လာမှ ကျပ်ငွေသို့ လဲလှယ်မှုဆိုင်ရာ ကင်းလွတ်ခွင့်များသည် မြန်မာကျပ်ငွေ လဲလှယ်မှုနှုန်းထား တည်ငြိမ်မှု အခြေအနေအပေါ် မူတည်ပြီး တားမြစ်မှုများ ရုပ်သိမ်းနိုင်
Published 23 April 2022

ဒေါ်လာမှ ကျပ်ငွေသို့ လဲလှယ်မှုဆိုင်ရာ ကင်းလွတ်ခွင့်များသည် မြန်မာကျပ်ငွေ လဲလှယ်မှုနှုန်းထား တည်ငြိမ်မှုအခြေအနေအပေါ် မူတည်ပြီး တားမြစ်မှုများ ရုပ်သိမ်းနိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

ကြေညာချက်သည် အချိန်ကာလတစ်ခုလား အမြဲဆက်လက်တည်ရှိသွားမည်လား ဆိုသည့် Straits Times သတင်းဌာန၏ မေးခွန်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဖြစ်ပေါ်တိုးတက်လာသည့် အခြေအနေပေါ်တွင် မူတည်ကြောင်း၊ ကြေ ညာချက်သည် ဗဟိုဘဏ်ထုတ်ပြန်ချက် ဖြစ်ပြီး ကင်းလွတ်ခွင့်သည် အစိုးရက ဖွဲ့စည်းသည့် ကော်မတီတစ်ရပ်က အခြေအနေအပေါ် မူတည်၍ ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ် ကြောင်း၊ မြန်မာကျပ်ငွေလဲလှယ်မှုနှုန်းထား တည်ငြိမ်မှုအခြေအနေပေါ်မူတည်ပြီး တား မြစ်မှုများ ရုပ်သိမ်းနိုင်မည်ဖြစ်ကြောင်း  ဖြေ ကြားခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စီးပွားရေးလုပ်ငန်းများကိုလည်း ဗဟိုဘဏ်ကြေညာချက်မှ ကင်းလွတ်ခွင့်ပေးရန် ဆုံးဖြတ်ချက်ချမှတ်ပေးခဲ့ကြောင်း၊ နိုင်ငံခြား သံရုံးများ၊ INGOS, NGOs များကိုလည်း ကင်းလွတ်ခွင့်ပေးကြောင်း၊ အဆိုပါ ကြေညာချက်ကြောင့် ဆိုးကျိုးသက်ေ ရာက်မှုအနည်း အများရှိနိုင်သည်ကို သိရှိသည့်အတွက် နေ့စဉ် လေ့လာသုံးသပ်မှုများ ပြုလုပ်ပြီး အကောင်းဆုံးဖြေရှင်းပေးရန် ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုကာလသည် အစပြု ပြု ပြင်ပြောင်းလဲသည့်ကာလဖြစ်သောကြောင့် အကျုံးဝင် ပါဝင်ကြသူအားလုံးအတွက် အကောင်းဆုံးဖြစ်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

အဆိုပါ ကင်းလွတ်ခွင့်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအသစ်နှင့် လက်ရှိရင်းနှီးမြှုပ် နှံသူများ ပါဝင်ကြောင်းလည်း သိရသည်။

MIC ခွင့်ပြုထားသည့် FDI လုပ်ငန်း၊ အထူးစီးပွားရေးဇုန်များအတွင်း ရင်းနှီးမြှုပ် နှံမှုလုပ်ငန်း၊ နိုင်ငံပိုင်/နိုင်ငံသားပိုင် အပြည် ပြည်ဆိုင်ရာ လေကြောင်းလိုင်းလုပ်ငန်းများ အပါအဝင် အဖွဲ့အစည်းခုနစ်ခုမှ ရရှိသော နိုင်ငံခြားဝင်ငွေများကို တစ်ရက်အတွင်း ကျပ် ငွေလဲလှယ်ရောင်းချခြင်းမှ ကင်းလွတ်ခွင့်ပြုကြောင်း ဧပြီ ၂၀ ရက်တွင်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ကင်းလွတ်ခွင့်ရ လုပ်ငန်းများမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှု FDI လုပ်ငန်းများ ပါ ဝင်သည်။အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင် ဆောင်ရွက်နေသည့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပါဝင်သည်။

မြန်မာနိုင်ငံနှင့် သံတမန်ထူထောင် ထားပြီး မြန်မာနိုင်ငံအတွင်း သံရုံးဖွင့်လှစ် ထားရှိသော ပြည်ပနိုင်ငံမှသံတမန်များ၊ မိ သားစုဝင်များနှင့် အလားတူအဆင့်ရှိသည့် သံအဖွဲ့မှုထမ်းစုတွင် ပါဝင်သည့်နိုင်ငံခြား သား ဝန်ထမ်းများဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအဖွဲ့ အစည်းနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အ စည်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကုလသမဂ္ဂဝန်ထမ်းများ( (Laissez Passer) ခရီးသွားလက်မှတ် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ ပါဝင်သည်။

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်အကူအညီပေးရေး ဆောင်ရွက်နေသည့်ဖွံ့ဖြိုးရေးအေဂျင်စီ (Development Agencies) များရှိ နိုင်ငံခြားသား ဝန်ထမ်း များ ပါဝင်သည်။

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ (ဥပမာ-ကမ္ဘာ့ကြက်ခြေနီအဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့စသည်)၊ INGO နှင့် Development Agenciesများ (ဥပမာ- TICA/ JICA)မှ သံတမန်အဆင့် နိုင်ငံခြားသားဝန်ထမ်းများ ပါဝင်သည်။

နိုင်ငံပိုင်/နိုင်ငံသားပိုင်အပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်းများ စသည်ဖြင့် လူပုဂ္ဂိုလ်၊လုပ်ငန်း၊အဖွဲ့အစည်း ခုနစ်ခုကို  ကင်းလွတ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent