ကမ္ဘာ့ဒေါ်လာစျေးအညွန်းကိန်း ၉၆ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၈ ကျပ် ဝန်းကျင်ရှိနေသော်လည်း ငွေလဲကောင်တာများတွင် တစ်ဒေါ်လာ ၁၈၆၀ ကျော်ဖြင့် ရောင်းချနေ

ကမ္ဘာ့ဒေါ်လာစျေးအညွန်းကိန်း ၉၆ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၈ ကျပ် ဝန်းကျင်ရှိနေသော်လည်း ငွေလဲကောင်တာများတွင် တစ်ဒေါ်လာ ၁၈၆၀ ကျော်ဖြင့် ရောင်းချနေ
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအား တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအား တွေ့ရစဉ်
Published 13 December 2021

ဒီဇင်ဘာ ၁၃ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၆  ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၇၈၈ ဝန်းကျင် ရှိနေသော်လည်း ငွေလဲကောင်တာများတွင် တစ်ဒေါ်လာ ၁၈၆၀ ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှသိရသည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၇၀၀ ကျော်ဝန်းကျင်သို့ ရောက်ရှိနေသော်လည်း ငွေလဲကောင်တာအများစုတွင် ဒေါ်လာရောင်းချရာတွင် တစ်ဒေါ်လာ ၁၉၀၀ ကျပ် ဝန်းကျင်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။

နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းဆောင်ရွက်ရာတွင် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း ၀.၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် စျေးကွက်အတွင်း တစ်ဒေါ်လာကျပ် ၁၇၀ ခန့်စျေးပြန်ကျပြီး နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စျေးစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းတို့အရ အရေးယူမည်ဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်သည် ၂၀၂၁ ခုနှစ်  နိုဝင်ဘာ ၁၀ ရက်မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ်ဒီဇင်ဘာ ၁၃ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၀၃၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၃၄ဝကျပ်၊ မလေးရှားရင်းဂစ် ၄၂၅ကျပ်၊ ထိုင်းဘတ် ၅၅.၅ကျပ်၊ တရုတ်ယွမ် ၂၉၈ ကျပ်၊ ဂျပန်ယန်း ၁၆ ကျပ်တို့ ဖြစ်သည်။

နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းဆောင်ရွက်ရာတွင် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း ၀.၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် နိုင်ငံခြား ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၁၉၀၀ ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း  သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက် တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (က)အရ အပ်နှင်းအထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ အား ပြင်ဆင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၃ ရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၈၆ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်း ရွှေစျေးနှုန်းမှာ ကျပ် ၁၇၈၉၅၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။