၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တုဖက်စပ် လုပ်ကွက်များမှ ရွှေ ၆၆၃ ဒသမ ၇၉  ထရိုင်အောင်စ ထုတ်လုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှ အများဆုံးဖြစ်

၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တုဖက်စပ် လုပ်ကွက်များမှ ရွှေ ၆၆၃ ဒသမ ၇၉  ထရိုင်အောင်စ ထုတ်လုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှ အများဆုံးဖြစ်
Published 13 December 2021

၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရွှေသတ္တုဖက်စပ် လုပ်ကွက်များမှ ရွှေ ၆၆၃ ဒသမ ၇၉ ထရိုင်အောင်စထုတ်လုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှ အများဆုံးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ရွှေသတ္တုထုတ်လုပ်မှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၉ ဒသမ ၄၃ ထရိုင်အောင်စ၊ မန္တလေးတိုင်းဒေသကြီးမှ ၄၃၇ ဒသမ ၂၂ ထရိုင်အောင်စ၊ ရှမ်းပြည်နယ် (အရှေ့့ပိုင်း)မှ  ၆၇ ဒသမ ၂၅ ထရိုင်အောင်စ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ၁၃၉ ဒသမ ၈၉ ထရိုင်အောင်စဖြင့် စုစုပေါင်း ၆၆၃ ဒသမ ၇၉ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ  ရွှေ ၇၇၁၅ ဒသမ၂၃၁ ထရိုင်အောင်စ ထုတ်လုပ်ခဲ့ပြီး  ဇွန်လတွင် ၁၅၁၁  ဒသမ ၁၂ ထရိုင်အောင်စဖြင့် ရွှေ အများဆုံး ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လအလိုက်ထုတ်လုပ်မှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် ၆၂၈ ဒသမ ၃၁၀ ထရိုင်အောင်စ၊ နိုဝင်ဘာတွင် ၆၄၁ ဒသမ ၉၀၀ ထရိုင်အောင်စ၊ ဒီဇင်ဘာတွင် ၇၅၈ ဒသမ ၀၅၀ ထရိုင်အောင်စ၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၇၅၉ ဒသမ ၉၇၁ ထရိုင်အောင်စ၊  ဖေဖော်ဝါရီတွင်၅၆၅ ဒသမ ၅၇ ထရိုင်အောင်စ၊ မတ်တွင် ၁၈၄ ဒသမ ၈၃ ထရိုင်အောင်စ၊ ဧပြီတွင် ၅၉၃ ဒသမ ၀၁ ထရိုင်အောင်စ၊ မေတွင် ၁၁၆၃ ဒသမ ၅၈ ထရိုင်အောင်စ၊ ဇွန်တွင် ၁၅၁၁ ဒသမ ၁၂ ထရိုင်အောင်စ၊ ဇူလိုင်တွင်၂၁၇ ဒသမ ၁၀ ထရိုင်အောင်စ၊ သြဂုတ်တွင် ၃၉၂ ဒသမ ၄၁ ထရိုင်အောင်စ၊ စက်တင်ဘာတွင် ၂၉၈ ဒသမ ၉၃၀ ထရိုင်အောင်စဖြင့် ၇၇၁၅ ဒသမ ၂၃၁ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တု ဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၇၈၃၄ ဒသမ ၁၆ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၅၇၃၄  ဒသမ ၂၆ အထိ အများဆုံးထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၅၈၅ ဒသမ ၃၈ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၅၂ ဒသမ ၄၄ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၄၆၁ ဒသမ ၉၆၀ ထရိုင် အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၂၇ ဒသမ ၈၇၀ ထရိုင်အောင်စ၊ ဖေဖော်ဝါ ရီလတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်လတွင် ၆၁၃ ဒသမ ၃၄၀ ထရိုင်အောင်စ၊ ဧပြီလတွင် ၅၆၂ ဒသမ ၆၆၀ ထရိုင်အောင်စ၊ မေလတွင် ၅၆၁ ဒသမ ၇၀၀ ထရိုင်အောင်စ၊ ဇွန်လတွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စနှင့် ဇူလိုင်လတွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စ၊ သြဂုတ်လတွင် ၅၆၀ ဒသမ ၀၁၀ ထရိုင်အောင်စနှင့် စက်တင်ဘာလတွင် ၄၄၁ ဒသမ ၅၂၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၈၆ ဒသမ ၅၅ ထရိုင်အောင်စု၊ နိုဝင်ဘာလအတွင်း ၉၈ ဒသမ ၄၂ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၁၂၃ ဒသမ ၁၈၀ ထရိုင်အောင်စနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ၄၂ ဒသမ ၇၄၀ ထရိုင်အောင်စ၊ မတ်လတွင် ၃၆၉ ဒသမ ၈၅၀ ထရိုင်အောင်စ၊ မေလတွင် ၁၀၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဇွန်လတွင် ၂၁၄ ဒသမ ၀၂၀ ထရိုင်အောင်စနှင့် ဇူလိုင်လတွင် ၃၈၁ ဒသမ ၆၇၀ ထရိုင်အောင်စ၊ သြဂုတ်လတွင် ၁၂ ဒသမ ၆၈၀ ထရိုင်အောင်စ၊ စက်တင်ဘာလတွင် ၂၅၁ ဒသမ ၆၅၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

လအလိုက်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၆၇၁  ဒသမ ၉၃၀ ထရိုင်အောင်စ၊ နိုဝင်ဘာတွင် ၁၅၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဒီဇင်ဘာ တွင်၅၈၅ ဒသမ ၁၄၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၇၀ ဒသမ ၆၁၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၁၀၁၅ ဒသမ ၁၅၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ  ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၇၁၁ ဒသမ ၅၉၀ ထရိုင်အောင်စ၊ ဇွန်တွင် ၇၂၈ ဒသမ ၈၀၀ ထရိုင်အောင်စနှင့် ဇူလိုင်တွင် ၉၅၁ ဒသမ ၉၆၀ ထရိုင်အောင်စ၊ သြဂုတ်လ တွင် ၆၈၀ ဒသမ ၅၈၀ ထရိုင်အောင်စ၊ စက်တင်ဘာလတွင် ၇၉၈ ဒသမ ၂၄၀ ထရိုင်အောင်စဖြင့် စုစုပေါင်း ၇၈၃၄ ဒသမ ၁၆ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် အကြီးစား၊ အလတ်စား၊ အသေးစားနှင့် စမ်းသပ်လုပ်ကွက်အပါအဝင် စမ်းသပ်ဖြစ်မြောက် လုပ်ကွက်ပေါင်း ၁၂၀၀ နီးပါး ခွင့်ပြုမိန့် ထုတ်ပေးထားပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံးခွင့်ပြုပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။