လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ ၂၆ ရက်အထိ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှု ဒေါ်လာ ၁၄၉ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သုံးသန်းကျော် ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ ၂၆ ရက်အထိ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှု ဒေါ်လာ ၁၄၉ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သုံးသန်းကျော် ပိုမိုရရှိ
Published 9 December 2021

လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ၂၆ ရက်အထိ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှု ဒေါ်လာ ၁၄၉ သန်းကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသုံးသန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ၂၆ ရက်အထိ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ ၁၄၉ ဒသမ ၅၂၀ သန်း ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် ဒေါ်လာ သန်း ၁၄၅ ဒသမ ၉၀၄ သန်းသာ ရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ၂၆ ရက်အထိ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃ ဒသမ ၆၁၆ သန်း ပိုမိုရရှိထားသည်။

၂၀၂၁-၂၀၂၂ (Mini Budget)  တစ်လကျော်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၃၀၇၂ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၈၉ သန်းနီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာ ၃ ရက်အထိ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၇၂၄ သန်းကျော် ရရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး  အသားကဏ္ဍအနေဖြင့် လက်ရှိတွင် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်နိုင်ငံသို့ နယ်စပ်ကတစ်ဆင့် အဓိကတင်ပို့လျက်ရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပုစွန်မွေးမြူရေးကို စီးပွားဖြစ်ဆောင်ရွက်ရာတွင် ပုစွန်သားပေါက်များအား အိမ်နီးချင်းပြည်ပနိုင်ငံမှ ဝယ်ယူတင်သွင်းနေရသည့်အတွက် မြန်မာနိုင်ငံအတွင်း၌ ပုစွန်သားပေါက်ထုတ်လုပ်နိုင်ရေးကို အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ကို လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ရရှိနေပြီး  ကျေးလက်နေပြည်သူများ၏ ၆၈ ရာခိုင်နှုန်းက ယင်းကဏ္ဍမှ ရရှိသောဝင်ငွေအပေါ် မှီခိုရလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။