ပြီးခဲ့သည့် အောက်တိုဘာလ တစ်လအတွင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၅ သန်းကျော် ခွင့်ပြုခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် စွမ်းအင်ကဏ္ဍတို့၌ အဓိကခွင့်ပြု

ပြီးခဲ့သည့် အောက်တိုဘာလ တစ်လအတွင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၅ သန်းကျော် ခွင့်ပြုခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် စွမ်းအင်ကဏ္ဍတို့၌ အဓိကခွင့်ပြု
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်မြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်မြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 4 December 2021

ပြီးခဲ့သည့် အောက်တိုဘာလတစ်လအတွင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၅ သန်းကျော် ခွင့်ပြုပေးခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် စွမ်းအင်ကဏ္ဍတို့၌ အဓိကခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၁ ဒသမ ၆၇၅ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခု ခွင့်ပြုပေးခဲ့သည်။ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃ ဒသမ ၂၀၈ တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု ခွင့်ပြုပေးခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ နိုင်ငံခြားရင်းမြှုပ်နှံမှုပမာဏ ဒေါ်လာ သုည ဒသမ ၅၅ သန်း ခွင့်ပြုပေးခဲ့သည်။

အဆိုပါတစ်လအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းပမာဏ ဒေါ်လာ ၁၅ ဒသမ ၄၃၃ သန်းအထိ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း DICA မှ သိရသည်။

လျှပ်စစ်ယာဉ်များထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားရှစ်မျိုးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာ တင်ပြလာပါက ဦးစားပေးဆောင်ရွက်မည် ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်းလုပ်ငန်းများမှာ (က) ဓာတ်မြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ) ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းများ (ဂ) သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းများ (ဃ) စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ (င) တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (စ) လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ (ဆ) ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများ၊ (ဇ) အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်။

အထက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာ တင်လာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဟု သိရသည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အမှတ်-၁၊ သစ္စာ လမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်းဝ၁-၆၅၈၁၃၂၊၀၉၂၀၁၃၈၂၁  email: dica@mptmail.net.mm နှင့် dica.ip.mm@gmail.com တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်း ကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

Most Read

Most Recent