ဒီဇင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြား ငွေစျေးပြိုင်လေလံစနစ်ဖြင့် ဒေါ်လာ ၁၅ သန်းရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဖြစ်

ဒီဇင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြား ငွေစျေးပြိုင်လေလံစနစ်ဖြင့် ဒေါ်လာ ၁၅ သန်းရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဖြစ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရုံး ကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရုံး ကိုတွေ့ရစဉ်
Published 4 December 2021

ဒီဇင်ဘာ ၃ ရက်တွင် ဗဟိုဘဏ်က စျေးပြိုင်လေလံစနစ်ဖြင့် တစ်ဒေါ်လာငွေလဲ နှုန်း ၁၇၈၀ ကျပ်ဖြင့် ဒေါ်လာ ၁၅ သန်း ထပ်မံ ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ ဒေါ်လာ ထုတ်ရောင်းချမှု အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီ အတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်း၊ မတ်လ အတွင်း ရောင်းချမှု မရှိခဲ့ပေ။ ဧပြီလ အတွင်း ဒေါ်လာ ၁၂ သန်း၊ မေလ အတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လ အတွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လ အတွင်း ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လ အတွင်း ဒေါ် လာ၂၈ သန်း၊ စက်တင်ဘာလ အတွင်း ဒေါ်လာ ၆၃ သန်း ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်း စေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေ ဖြည့်တင်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ် က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖွင့်လှစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်အရန် ငွေဖြည့်တင်းရန် အချက်နှစ်ချက်အား အကောင် အထည်ဖော်ရန်အတွက် စည်းမျဉ်း အခြေခံသည့် နိုင်ငံခြားငွေ စျေးပြိုင်လေလံအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် စျေးပြိုင် လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန် ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer-AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေ ဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ လုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း  အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက် တစ်ရက်ရှိ မြန်မာ ကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေ လဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေ လဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ )ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင် ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ် ယူရန် စျေးပြိုင်လေလံ ကိုဖွင့်လှစ်ဆောင် ရွက်လျက်ရှိသည်။

ထို့ပြင် နိုင်ငံတော်၏   နိုင်ငံခြားသုံးသီးသန့် အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ် ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် son နိုင်ငံခြားငွေ ဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv(ယခင် Thomoson Reuters) ၏ လေလံအရောင်း  အဝယ်စနစ်(Real Time Dealing Plat-form) ကို အသုံးပြု၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချ ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံခြားငွေ စျေးပြိုင်လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန်ဖြစ်စေ၊ မြန်မာကျပ်ငွေ တန်ဖိုး မြင့်တက်စေရန်ဖြစ်စေ သို့မဟုတ် ကျ ဆင်းစေရန်ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်း မဟုတ်ကြောင်း ဗဟိုဘဏ်က အသိပေးထုတ် ပြန်ထားသည်။

Most Read

Most Recent