ATM နှင့် ဘဏ်များမှ ငွေသားထုတ်ယူမှု ကန့်သတ်ချက်များ စက်တင်ဘာလအတွင်း ဖြေလျှော့ရန် ဆောင်ရွက်နေပြီး သတ်မှတ်ထားသည့် ပမာဏထက်ကျော်လွန် ထုတ်ပေးနိုင်ရေး အဆင့်ဆင့် စိစစ်ဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း သိရ

ATM နှင့် ဘဏ်များမှ ငွေသားထုတ်ယူမှု ကန့်သတ်ချက်များ စက်တင်ဘာလအတွင်း ဖြေလျှော့ရန် ဆောင်ရွက်နေပြီး သတ်မှတ်ထားသည့် ပမာဏထက်ကျော်လွန် ထုတ်ပေးနိုင်ရေး အဆင့်ဆင့် စိစစ်ဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း သိရ
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်
Published 31 August 2021

ATM နှင့် ဘဏ်များမှ ငွေသားထုတ်ယူမှု ကန့်သတ်ချက်နှင့် အခက်အခဲများ စက်တင်ဘာလအတွင်း စတင်ဖြေလျှော့ရန် ဆောင်ရွက်နေကြောင်းနှင့် သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်ကာ ထုတ်ပေးနိုင်ရေးအတွက် အဆင့်ဆင့်စိစစ်ကာ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားသည်။

လက်ရှိအခြေအနေအရ ဘဏ်များတွင် ငွေထုတ်ရခက်ခဲခြင်း၊ ငွေထုတ်ရန် ရာခိုင်နှုန်းတစ်ခုပေး၍ ငွေထုတ်နေရခြင်းနှင့် ငွေသားရှားပါးမှုပြဿနာမှာ ပြည်သူများ ရင်ဆိုင်နေရဆဲဖြစ်ပြီး ATM စက်များမှ ငွေထုတ်၍မရခြင်း၊ ဘဏ်များမှ ငွေသားထုတ်ယူမှု အခက်အခဲများ ဖြစ်ပေါ်နေခဲ့သည်မှာ အချိန်ကာလတစ်ခုအထိ ကြာမြင့်လာပြီဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာလအတွင်း ဖြေလျှော့မှုများ ပြုလုပ်ရာတွင် လက်ရှိအခက်အခဲ ဖြစ်ပေါ်နေမှုများ၊ ငွေထုတ်ရာတွင် ကန့်သတ်ချက်ပမာဏများကို ပိုမိုအဆင်ပြေအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ဆိုသည်။

ထို့ပြင် ဘဏ်ငွေစာရင်းမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀၊ ကုမ္ပဏီ/ အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀၀ သတ်မှတ်ထားသည်။

“ ကန့်သတ်ထားတဲ့ ငွေပမာဏကို သူ့ရဲ့ ဘောင်ထဲကနေ အဆင့်ဆင့် အဆင်ပြေအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထို့အတူ ဆောက်လုပ်ရေးလုပ်ငန်းတွေ နိုင်ငံတော်ဘတ်ဂျက်နဲ့ သုံးစွဲနေတဲ့လုပ်ငန်းတွေ ကုမ္ပဏီလုပ်ငန်းတွေက ကန့်သတ်ချက်ဖြစ်တဲ့ သိန်း ၂၀၀ နဲ့ လုံလောက်မှုမရှိတဲ့ကိစ္စတွေ ရှိပါတယ်။ ချက်လက်မှတ်တွေနဲ့ ငွေထုတ်လို့ မရတာတွေ၊ စာရင်းထဲကို ငွေထည့်သွင်းပြီး ငွေထုတ်လို့မရတာတွေ အဲဒီအပိုင်းတွေကို ငွေ ၂၀၀ ပဲ ထုတ်ပေးနိုင်တဲ့အတွက် အဆင်မပြေတဲ့ကိစ္စတွေရှိပါတယ်။ ဒီကိစ္စတွေကို သတ်မှတ်ထားတဲ့ ၂၀၀ ထက် ကျော်လွန်ပြီးတော့ ပေးနိုင်ဖို့ စိစစ်ဆောင်ရွက်ပေးတာမျိုး အဆင့်ဆင့်အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ဘက်က စီစဉ်ဆောင်ရွက်ပေးဖို့ ရှိပါတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောကြားခဲ့သည်။

Most Read

Most Recent