BOA နှင့် ဝန်ထမ်းတစ်ဦးအား စွဲဆိုထားသည့် တရားမဝင် ဆေးတင်သွင်းမှု စွဲချက်များကို ပြန်လည်ရုပ်သိမ်း

BOA နှင့် ဝန်ထမ်းတစ်ဦးအား စွဲဆိုထားသည့် တရားမဝင် ဆေးတင်သွင်းမှု စွဲချက်များကို ပြန်လည်ရုပ်သိမ်း
Published 6 June 2021

တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်သည့် BOA နှင့် ၎င်း၏ဝန်ထမ်းတစ်ဦးတို့အား တရားမဝင်ဆေးတင်သွင်းမှုစွဲချက်များဖြင့် အစိုးရရှေ့နေများက တရားစွဲဆိုသွားမည်မဟုတ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလက BOA နှင့် ၎င်း၏ဝန်ထမ်းတစ်ဦးသည် တရားဝင်ဆေးတင်သွင်းမှု လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်းမရှိဘဲ အိပ်ဆေးတစ်မျိုးဖြစ်သည့် Zolpidem ကဲ့သို့ စိတ်ကိုပြောင်းလဲစေသောဆေးများအား ကိုရီးယားနိုင်ငံတွင်းသို့ သယ်ဆောင်လာခဲ့သည့်အတွက် အစိုးရရှေ့နေများ၏ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရသည်။

ထိုအချိန်က SM Entertainment ကမူ မေးမြန်းစစ်ဆေးခံနေရသည့် ဝန်ထမ်းသည် ယင်းဆေးများအားသင့်လျော်သောပမာဏဖြင့် သောက်သုံးနေရသော်လည်း အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို လျစ်လျူရှုမိသည့် အမှားများနှင့်ကြုံတွေ့ခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent