မြန်မာနိုင်ငံတွင် COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက စတင်ပြီး အစိုးရက ဝင်ငွေနည်း အခြေခံလူတန်းစားများကို ထောက်ပံ့မှု အစီအစဉ် စတင်ခဲ့သည်။ ထိုအစီအစဉ် စတင်ခဲ့ပြီးနောက် ပထမဆုံး ထောက်ပံ့မှုအဖြစ် သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန် စသည့် ရိက္ခာငါးမျိုးကို စတင်ထောက်ပံ့ခဲ့သည်။ ယင်းထောက်ပံ့မှုကို လူဦးရေ ၅ ဒသမ ၃ သန်းကို ထောက်ပံ့ခဲ့ပြီး ကုန်ကျငွေ ကျပ် ၇၁ ဒသမ ၁၀၃ ဘီလျံရှိခဲ့သည်။ ယင်းနောက်တွင် ရိက္ခာငါးမျိုး ထောက်ပံ့မှု အစီအစဉ် ရပ်ဆိုင်းခဲ့ပြီး ငွေကြေးထောက်ပံ့မှု အစီအစဉ် စတင်ခဲ့သည်။ ထောက်ပံ့ကြေးငွေ ကျပ်လေးသောင်း မပေးမီအချိန်အထိ အစိုးရ၏ ငွေကြေးထောက်ပံ့မှုမှာ ကျပ်နှစ်သောင်းစီဖြင့် သုံးကြိမ်ရှိခဲ့သည်။









