နိုင်ငံတကာ ခြေစမ်းပွဲ ပွဲကြိုသုံးသပ်ချက်

နိုင်ငံတကာ ခြေစမ်းပွဲ ပွဲကြိုသုံးသပ်ချက်
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 11 November 2020

ဒိန်းမတ် - ဆွီဒင် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၁:၀၀ နာရီ)

လတ်တလောခြေစွမ်းမှာ ဆွီဒက်အသင်းထက် ဒိန်းမတ် က နှာတစ်ဖျားပိုသာနေတယ်။ အိမ်ကွင်းလည်းဖြစ်လို့ ဒိန်းမတ် မရှုံးပါဘူး။ 

နယ်သာလန် - စပိန် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၂:၁၅ နာရီ)

နယ်သာလန်အသင်းက နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့အပြင် အသင်းခေါင်းဆောင်ဖြစ်သူ ဗန်ဒိုက်လည်း ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတယ်။ နည်းပြသစ် ဖရန့်ဒီဘိုးဝါးအဖို့ ပွဲဦးထွက်(၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့အခြေအနေကနေ ရုန်းထွက်ရမှာဖြစ်ပါတယ်။ အီတလီနဲ့နောက်ဆုံးပွဲမှာ Three Back ကစားခဲ့တဲ့ပုံစံအစား ဗန်ဒိုက်မပါတော့လို့  Four Back ပြန်ကစားဖို့ရှိပြီး အသင်းက ၄-၃-၃ ကို ပြန်အသုံးပြုဖို့များတယ်။ စပိန်ကတော့ လူးဝစ်အင်းနရစ်ရဲ့ Revolution အသားကျတော့မယ်လို့ ထင်ထားရာကနေ ယူကရိန်းကို မထင်မှတ်ဘဲ အရှုံးပေးခဲ့ရတယ်။ နယ်သာလန်မြေဖြစ်လို့ အိမ်ရှင် မရှုံးနိုင်ဘူး။

ဘယ်လ်ဂျီယံ - ဆွစ်ဇာလန် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၂:၁၅ နာရီ)

ဘယ်လ်ဂျီယံအသင်းလူစာရင်းမှာ COVID-19 ကူး စက်ခံထားရတဲ့ ဟာဇက်ကို ထည့်သွင်းထားတာတွေ့ရတယ်။ ဘယ်လ်ဂျီယံက အခုပွဲပြီးရင် Nations League မှာ အုပ်စုတွင်း အဓိကပြိုင်ဘက် အင်္ဂလန်၊ ဒိန်းမတ်အသင်းတွေနဲ့ ဆက်တိုက် ကစားရဖို့ရှိလို့ ခြေစမ်းပွဲမှာ လူစုံထုတ်ဖို့တော့ သိပ်မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဘယ်လ်ဂျီယံက ခြေစမ်းပွဲ(၁၃)ဆက်တိုက် ရှုံးပွဲမရှိ ကစားထားတာကိုတော့ စဉ်းစားရမှာပါ။ ဆွစ်ဇာလန်က နိုင်ပွဲတွေပျောက်နေပေမဲ့ အသင်းကြီးတွေနဲ့ကစားရတာဖြစ်တယ်။ အိမ်ရှင်ပဲ နိုင်ဖို့များတယ်။

အီတလီ - အက်စ်တိုးနီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၂:၁၅ နာရီ)

ကစားသမားအမြောက်အမြားခေါ်ထားတဲ့ အီတလီအသင်းနည်းပြ မန်စီနီက အခုပွဲမှာ လူစမ်းသပ်ဦးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အီတလီဘက်ကပဲ ရပ်တည်သင့်တယ်။ 

ဂျာမနီ - ချက် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၂:၁၅ နာရီ)

ဂျာမနီအသင်းက ပြိုင်ပွဲစုံ(၁၀)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘူး။ ဒါပေမဲ့ နောက်ဆုံး(၅)ပွဲမှာ (၄)ပွဲက သရေကျခဲ့ပြီး ဒီပွဲတွေမှာ ပြိုင်ဘက်ကောင်းဆိုလို့ စပိန်တစ်သင်းသာ ပါဝင်ခဲ့တာ သတိပြုစရာပါ။ ဂျာမနီအတွက် Nations League ပွဲတွေက ပိုအရေးကြီးပေမဲ့ အိမ်ကွင်းမှာ မျက်နှာထပ်အပျက်ခံမယ် မထင်ဘူး။ ချက်ရဲ့ခြေစွမ်းမစွံလို့ အိမ်ရှင်ကို ပိုကြိုက်တယ်။

​​​​​​​

ပေါ်တူဂီ - အန်ဒိုရာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၂:၁၅ နာရီ)

အခုပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရသွားတဲ့ စီရော်နယ်လ်ဒို ပါဝင်ဖို့ မသေချာပေမဲ့ ကျန်ကစားသမားပိုင်းက အတော်လေး တောင့်တင်းပါတယ်။ ပေါ်တူဂီ အနိမ့်ဆုံး(၃)ဂိုးပြတ်မယ်။

ပြင်သစ် - ဖင်လန် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၂:၁၅ နာရီ)

ပြင်သစ်အသင်းက ကမ္ဘာ့ဖလားချန်ပီယံဆုရယူအပြီး ခြေစွမ်းမတည်ငြိမ်မှုတွေရှိခဲ့ပေမဲ့ လတ်တလောမှာတော့ လမ်းကြောင်းမှန်ပေါ်  ပြန်ရောက်လာပြီလို့ ဆိုရမှာပါ။ ဖင်လန်ကတော့ ယူရိုခြေစစ်ပွဲအောင်ထားလို့ စိတ်ဓာတ်တက်ကြွနေပြီး ပွဲတိုင်း ဖိဖိစီးစီးကစားနေတယ်။ ဒါပေမဲ့ ပြင်သစ်ကို ဒုက္ခမပေးနိုင်ဘူး။



■ အခြားပွဲစဉ်များ 

*ဂရိ - ဆိုက်ပရပ်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၉:၁၅ နာရီ)

အယ်လ်ဘေးနီးယား - ကိုဆိုဗို* (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၉:၃၀ နာရီ)

*ရိုမေးနီးယား - ဘီလာရုစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၁၁:၃၀ နာရီ)

နော်ဝေ - အစ္စရေး* (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၁၁:၃၀ နာရီ)

*မော်လ်တာ - လက်ချင်စတိန်း (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၁၁:၃၀ နာရီ)

ဆန်မာရီနို - လတ်ဗီးယား* (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၁၁:၃၀ နာရီ)

*မွန်တီနီဂရိုး - ကာဇက်စတန် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၁၁:၃၀ နာရီ)

*လစ်သူယေးနီးယား - ဖာရိုးကျွန်းစုများ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၁၁:၃၀ နာရီ)

*ဘူလ်ဂေးရီးယား - ဂျီဘရော်လ်တာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၁၂ နာရီ)

*တူရကီ - ခရိုအေးရှား (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၀၀:၁၅ နာရီ)

လူဇင်ဘတ် - ဩစတြီးယား* (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၂:၀၀ နာရီ)

ဆလိုဗေးနီးယား - အဇာဘိုင်ဂျန်* (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၂:၁၅ နာရီ)

ပိုလန် - ယူကရိန်း* (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၂:၁၅ နာရီ)

Most Read

Most Recent