၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၆၁၉ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး လက်ရှိအစိုးရသက်တမ်း ငါးနှစ်အတွင်း ဒုတိယမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနှစ် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
လက်ရှိအစိုးရ လက်ထက်အတွင်း နှစ်အလိုက် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင် ရောက်မှုပမာဏများမှာ ၂၀၁၆-၂၀၁၇ ဘ ဏ္ဍာနှစ်တွင် ကျပ် ၁၅၆၆၃၅၀ ဒသမ ၂၈၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃၆၇၃၄၈၅ ဒသမ ၆၇၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၄၄၅၈၅ ဒသမ ၁၉၉ သန်း၊ ၂၀၁၉ ဧပြီမှ ၂၀၁၉ စက်တင်ဘာ (ဘတ်ဂျက်ကြားကာလ) တွင် ကျပ် ၅၄၆၀၃၉ ဒသမ ၁၂၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ကျပ် ၂၆၁၉၃၉၅ ဒသမ ၆၂၈ သန်းရှိပြီး ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၀၁၄၉၈၅၅ ဒသမ ၉၀၄ သန်း (ကျပ် ၁၀၁၄၉ ဒသမ ၈၅၅ ဘီလျံကျော်) ရှိ ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၆၉ ဘီလျံခန့် ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး လက်ရှိ အစိုးရသက်တမ်း လေးနှစ်ခြောက်လအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၀၁၄၉ ဘီလျံကျော်ရှိသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင် ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၅၇၅ ခုကို လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံ ခွင့်ပြုထားခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ ကျပ် ၁၀၁၄၉၈၅၅ ဒသမ ၉၀၄ သန်း (ကျပ် ၁၀၁၄၉ ဘီလျံကျော်) ရှိခြင်းဖြစ်သည်။
ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုရေး ကဏ္ဍတွင် ကျပ် ၃၀၄၈ ဒသမ ၈၄၉ ဘီလျံ (လုပ်ငန်း ၃၈ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၁၆၆၂ ဒသမ ၉၉၂ ဘီလျံ (လုပ်ငန်း ၂၀၈ ခု)၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၁၁၄၁ ဒသမ ၆၄၅ ဘီလျံ (လုပ်ငန်း ၁၅ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကျပ် ၁၀၄၇ ဒသမ ၁၈၆ ဘီလျံ (လုပ်ငန်း ၁၀၈ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၄၃၆ ဒသမ ၆၆၈ ဘီလျံ (လုပ်ငန်း ၁၆ ခု) တို့ဖြစ်သည်။
ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၃၂၄ ဒသမ ၅၂၃ ဘီလျံ (လုပ်ငန်း ၃ ခု)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၃၁၂ ဒသမ ၈၈၂ ဘီလျံ (လုပ်ငန်း ၂၆ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၂၂၈ ဒသမ ၁၃၀ ဘီလျံ (လုပ်ငန်းအရေအတွက် မဖော် ပြထား)၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ် ၇၅ ဒသမ ၃၅၁ ဘီလျံ (လုပ်ငန်း ကိုးခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၄၁ ဒသမ၂၇၆ ဘီလျံ (လုပ်ငန်း ၁၃ ခု)၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၃ ဒသမ ၇၂၃ ဘီလျံ (လုပ်ငန်း နှစ်ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၁၈၁၆ ဒသမ ၆၂၅ဘီလျံ (လုပ်ငန်း ၁၃၇ ခု) ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း သိ ရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်)အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ် နှံမှုပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး လက်ရှိအစိုးရတက်ရောက်ပြီး သက်တမ်း လေးနှစ်ခြောက်လအတွင်း (လပေါင်း ၅၄ ကာလအတွင်း) ကျပ် ၁၀၁၄၉ ဘီလျံဝန်း ကျင်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ ပြည်တွင်း လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေဖွံ့ဖြိုးရေး ကဏ္ဍတွင် အဓိကများပြားလာခဲ့ရာ ယခင်ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အများဆုံး ကဏ္ဍဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် စတင်ကျော်ဖြတ်၍ ထိပ်ဆုံးသို့ ရောက်ရှိလာ ခဲ့သည်။
၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် စက် တင်ဘာလအထိ ရင်းနှီးမြှုပ်နှံထားသော ကျပ် ၁၀၁၄၉ ဘီလျံကျော်၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းမှာ အိမ်ခြံမြေဖွံ့ဖြိုး ရေးကဏ္ဍတွင် ၃၀ ဒသမ ၀၄ ရာခိုင်နှုန်း၊ အခြားကဏ္ဍတွွင် ၁၇ ဒသမ ၉၀ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၆ ဒသမ ၃၈ ရာ ခိုင်နှုန်း၊ ပို့ ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ၁၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီး သွားလာရေးကဏ္ဍတွင် ၁၀ ဒသမ ၃၂ ရာ ခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၄ ဒသမ ၃၀ ရာ ခိုင်နှုန်း၊ စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ မွေမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ၃ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဆောက် လုပ်ရေးကဏ္ဍတွင် ၂ ဒသမ ၂၅ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ၀ ဒသမ ၇၄ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ၀ ဒသမ ၄၁ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ၀ ဒသမ ၁၄ ရာခိုင်နှုန်းတို့ဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။