စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ကျဆင်းလာပြီး တစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်း ၁၃၂၄ ကျပ် ဝန်းကျင်၊ အမြင့်ဆုံးနှုန်း ၁၃၃၁ ကျပ်ဝန်းကျင်ဖြစ်ပေါ်

စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ကျဆင်းလာပြီး တစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်း ၁၃၂၄ ကျပ် ဝန်းကျင်၊ အမြင့်ဆုံးနှုန်း ၁၃၃၁ ကျပ်ဝန်းကျင်ဖြစ်ပေါ်
Published 27 September 2020

စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ကျဆင်းလာပြီး စက်တင်ဘာ ၁၉ ရက်မှ စက်တင်ဘာ ၂၅ ရက်အတွင်း အနိမ့်ဆုံးနှုန်း  ၁၃၂၄ ကျပ်ဝန်းကျင်၊ အမြင့်ဆုံးနှုန်း ၁၃၃၁ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုရက်သတ္တပတ်အတွင်း စက်တင်ဘာ ၁၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၃၁ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သော်လည်း စက်တင်ဘာ ၂၄ ရက်တွင် တစ်ဒေါ်လာ ၁၃၂၄ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းများမှာ မတ်တွင် ၁၀၃ ဒသမ ၆၆ ပွိုင့်၊ ဧပြီတွင် ၁၀၀ ဒသမ ၉၂၇ ပွိုင့်၊ မေတွင် ၁၀၀ ဒသမ ၅၃၀ ပွိုင့်၊ ဇွန်တွင် ၉၈ ဒသမ ၀၄၀ ပွိုင့်၊ ဇူလိုင်တွင် ၉၇ ဒသမ ၃၀၈ ပွိုင့်၊ သြဂုတ်တွင် ၉၃ ဒသမ ၈၉၈ ပွိုင့်ဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှ စတင်ကာ သိသိသာသာမြင့်တက်ခဲ့ရာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံးစံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့သော်လည်း တစ်လအတွင်း ဆက်တိုက်မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ အမြင့်ဆုံးစံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိ ပြန်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိ ကျဆင်းခဲ့သည်။ မတ် ၁၈ ရက်တွင် ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက်ခဲ့ပြီး ဇွန် ၁ ရက်တွင် ၁၅၂၉ ကျပ်ဝန်းကျင်ရှိခဲ့သည်။ သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၅ ရက်မှစတင်ဘာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အောက်၊ ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်မှစ၍ ကျပ် ၁၄၀၀ အောက် ကျဆင်းခဲ့သည်။ မတ် ၁၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၂၀ အထိ ကျဆင်းခဲ့ပြီး မတ် ၁၂ ရက်တွင် ၁၄၂၀၊ မတ် ၁၇ ရက်တွင် ၁၄၄၅ အထိ ပြန်တက်ခဲ့ကာ ဧပြီလတွင် ၁၄၄၀ ကျပ်၊ မေလတွင် ၁၄၂၆ ကျပ်အထိ လတစ်လအတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်းအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ၁၅၂၇ -၁၅၆၅ ကျပ်၊ အောက်တိုဘာတွင် ၁၅၂၈-၁၅၃၇ ကျပ်၊ နိုဝင်ဘာတွင် ၁၅၁၀-၁၅၂၄ ကျပ်၊ ဒီဇင်ဘာတွင် ၁၄၈၅-၁၅၁၃ ကျပ်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၄၆၅-၁၄၉၃ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၄၃၆-၁၄၆၅ ကျပ်၊ မတ်တွင် ၁၃၂၀-၁၄၄၅ ကျပ်၊ ဧပြီတွင် ၁၃၉၅-၁၄၄၀ ကျပ်၊ မေတွင် ၁၄၀၆-၁၄၂၆ ကျပ်၊ ဇွန်တွင် ၁၄၁၂ -၁၃၈၅ ကျပ်၊ ဇူလိုင်တွင် ၁၃၆၇- ၁၄၁၃ ကျပ်၊ သြဂုတ်တွင် ၁၃၄၂- ၁၃၉၂ ကျပ်တို့ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၅ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၅၅၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၉၆၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၁၀ ကျပ်၊ ထိုင်းဘတ် ၄၁ ဒသမ ၈ ကျပ်၊ တရုတ်ယွမ် ၁၉၃ ဒသမ ၅ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၄ ကျပ် ဖြစ်သည်။

Most Read

Most Recent