နိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ဖိုးငယ်ငွေစက္ကူများ အပါအဝင် ငွေစက္ကူ ကျပ် ၇၆၈၇ ဘီလျံကျော် ဖြန့်ဝေခဲ့ပြီး ဟောင်းနွမ်းငွေစက္ကူ ကျပ် ၂၂၈၆ ဘီလျံကျော် ဖျက်ဆီး

နိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ဖိုးငယ်ငွေစက္ကူများ အပါအဝင် ငွေစက္ကူ ကျပ် ၇၆၈၇ ဘီလျံကျော် ဖြန့်ဝေခဲ့ပြီး ဟောင်းနွမ်းငွေစက္ကူ ကျပ် ၂၂၈၆ ဘီလျံကျော် ဖျက်ဆီး
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုတွင် ငွေရေးကြေးရေး လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုတွင် ငွေရေးကြေးရေး လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 22 August 2020
စည်သူအောင်

နိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ဖိုးငယ်ငွေစက္ကူ များအပါအဝင် ငွေစက္ကူကျပ် ၇၆၈၇ ဘီလျံကျော်ဖြန့်ဝေခဲ့ပြီး ဟောင်းနွမ်းငွေစက္ကူ ကျပ် ၂၂၈၆ ဘီလျံကျော်ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ချုပ်အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေ စက္ကူများဖြစ်သော ပြည်တွင်းသုံးစွဲငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ရသည်ဖြစ်ရာ ငွေကြေးစီမံခန့်ခွဲမှုဌာနအနေ ဖြင့် ငွေစက္ကူများကို ဖြည့်တင်းရာတွင်လည်းကောင်း၊ ထုတ်ဝေရာတွင်လည်းကောင်း စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နေကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေထားသော ငွေစက္ကူအမျိုးအစား ၁၅ မျိုး ကို ပြည်သူလူထုအတွင်း လွယ်ကူစွာအသုံး ပြုနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကိုယ်စားလှယ်များဖြစ်သော နိုင်ငံပိုင်မြန်မာ့ စီးပွားရေးဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များ မှတစ်ဆင့် ဖြန့်ဝေလျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ဖိုးငယ်ငွေစက္ကူများအ ပါအဝင် စုစုပေါင်းကျပ် ၇၆၈၇ ဒသမ ၂၈၈ ဘီလျံဖြန့်ဝေနိုင်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကိုယ်စားလှယ်များအဖြစ်ဆောင်ရွက်နေသော နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များသို့ ဘဏ္ဍာငွေထုတ်ပေးခြင်း၊ ပြန်လည်လက်ခံ ခြင်းများဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘဏ်များမှ ကျပ် ၅၈၂၂ ဒသမ ၇၉၆ ဘီလျံပေးသွင်းလာခဲ့ သည်။ ဘဏ်များမှ ပြန်ပေးသွင်းလာသည့် ငွေစက္ကူများကို အသေးစိတ်ပြန်လည်ရေ တွက်စစ်ဆေး၍ ပြန်လည်ထုတ်ဝေနိုင်သည့် ငွေစက္ကူများနှင့် ပြန်လည်သုံးစွဲရန်မသင့် တော်သောငွေစက္ကူများအဖြစ် စိစစ်ရွေး ချယ်ခြင်းဖြစ်သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေ ဖြင့် ပြန်လည်ထုတ်ဝေနိုင်သောငွေစက္ကူ ကျပ် ၄၁၃၀ ဒသမ ၀၉၇ ဘီလျံနှင့် ပြန်လည် သုံးစွဲရန် မသင့်တော်သောငွေစက္ကူအဖြစ် ကျပ် ၂၄၀၃ ဒသမ ၆၆၄ ဘီလျံခန့်ရွေးချယ် ရရှိခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ် ဝေသော ငွေစက္ကူများအနက် ၁ ကျပ်တန်မှ ၅၀၀ ကျပ်တန်အထိ ငွေစက္ကူများသည် ကိုင်တွယ်သုံးစွဲမှုများပြားသဖြင့် ဟောင်းနွမ်း သွားသည့်ငွေစက္ကူများကို ပြန်လည်သုံးစွဲနိုင် သည့် သစ်လွင်ကောင်းမွန်သော ငွေစက္ကူ များဖြင့် လဲလှယ်ပေးလျက်ရှိသည်။ အဆိုပါ ဟောင်းနွမ်းငွေစက္ကူများကို ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ဗဟိုဘဏ်၏ ငွေကြေးစီမံခန့်ခွဲမှုဌာနသည် နိုင်ငံပိုင်မြန်မာ့စီးပွားရေး ဘဏ်များသို့ ငွေစက္ကူများ ဖြန့်ဝေပေးခြင်း သာမက ၎င်းတို့၏ ငွေကြေးသေတ္တာနှင့် ငွေ ကြေးလက်ကျန်တို့ကိုလည်း ကြီးကြပ်လျက် ရှိသည်။ ဗဟိုဘဏ်၏ ငွေကြေးကိုယ်စား လှယ်ဘဏ်ခွဲများဖြစ်သည့် နယ်ဒေသများရှိ မြန်မာ့စီးပွားရေးဘဏ်များ၏ နေ့စဉ်ငွေ ကြေးသေတ္တာမှ သွင်း/ထုတ်ပြုလုပ်ရာတွင် မှတ်တမ်းပြုသည့် ငွေကြေးသေတ္တာစာရင်းလွှာများ၊ နေ့စဉ်ငွေသားလက်ကျန်စာရင်း များအား စုစည်း၍ အပတ်စဉ်၊ လစဉ်ငွေကြေး လှည့်လည်သုံးစွဲငွေစာရင်းတွင် ထည့်သွင်း တွက်ချက်လျက်ရှိပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာ ၃၀ ရက်တွင် ကျပ် ၁၅၄၉၀ ဒသမ ၇၈၉ ဘီလျံရှိကြောင်း သိရသည်။

 

 

Most Read

Most Recent