မြန်မာနိုင်ငံတွင် စုစုပေါင်း နိုင်ငံခြားသုံး သီးသန့်ငွေပမာဏ ဒေါ်လာ ၁၀ ဒသမ ၉၂ ဘီလျံကျော်ရှိပြီး နိုင်ငံပိုင်ဘဏ်များ၌ ဒေါ်လာ ၉ ဒသမ ၇၃ ဘီလျံနှင့် ပုဂ္ဂလိကဘဏ်များတွင် ဒေါ်လာ ၁ ဒသမ ၁၉ ဘီလျံကိုင်ဆောင်ထား

မြန်မာနိုင်ငံတွင် စုစုပေါင်း နိုင်ငံခြားသုံး သီးသန့်ငွေပမာဏ ဒေါ်လာ ၁၀ ဒသမ ၉၂ ဘီလျံကျော်ရှိပြီး နိုင်ငံပိုင်ဘဏ်များ၌ ဒေါ်လာ ၉ ဒသမ ၇၃ ဘီလျံနှင့် ပုဂ္ဂလိကဘဏ်များတွင် ဒေါ်လာ ၁ ဒသမ ၁၉ ဘီလျံကိုင်ဆောင်ထား
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 22 August 2020
စည်သူအောင်

၂၀၁၉ ခုနှစ် စက်တင်ဘာ၌ မြန်မာနိုင်ငံတွင် စုစုပေါင်းနိုင်ငံခြားသုံးသီးသန့် ငွေပမာဏ ဒေါ်လာ ၁၀ ဒသမ ၉၂ ဘီလျံ ကျော်ရှိပြီး နိုင်ငံပိုင်ဘဏ်များ၌ ဒေါ်လာ ၉ ဒသမ ၇၃ ဘီလျံနှင့် ပုဂ္ဂလိကဘဏ်များတွင် ဒေါ်လာ ၁ ဒသမ ၁၉ ဘီလျံကိုင်ဆောင်ထားကြောင်း  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ချုပ်အစီရင်ခံစာအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ဆောင်မှုစာရင်းပိုငွေဖြစ်ပေါ်မှုသည် ဒေါ် လာ ၂၈၂၀ ဒသမ ၆ သန်းရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဝန်ဆောင်မှုစာရင်း ပိုငွေဖြစ်ပေါ်မှုသည် ဒေါ်လာ ၈၉၀ ဒသမ ၃ သန်းရှိခဲ့သည်။ ယင်းသို့ ဝန်ဆောင်မှုစာရင်း ပိုငွေမြင့်တက်ခဲ့ရခြင်းမှာ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ခရီးသွားဝန်ဆောင်မှုလုပ် ငန်းများမှ ရငွေများမြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ အမြတ်ငွေပြန်လည် ပေးပို့မှု မြင့်တက်လာခြင်းကြောင့် ဝင်ငွေစာ ရင်းတွင် လိုငွေဖြစ်ပေါ်မှုသည့် ယခင်နှစ်အလားတူကာလကထက် ၄ ဒသမ ၂ ရာခိုင် နှုန်းမြင့်တက်ခဲ့ပြီး ဒေါ်လာ ၂၀၄၂ သန်းရှိ ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဝင် ငွေစာရင်းလိုငွေ ဖြစ်ပေါ်မှုသည် ဒေါ်လာ ၁၉၆၀ ဒသမ ၃ သန်းရှိခဲ့သည်။

အစီရင်ခံသည့်ကာလအတွင်း ပြည်ပ တွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံသားများထံမှ လွှဲပြောင်းပေးပို့ငွေများ၊ ဖွံ့ဖြိုးမှုအကူအညီပေးခြင်းများ၊ ငွေရေး ကြေးရေးအဖွဲ့အစည်းများ၏ လွှဲပြောင်းငွေ များနှင့် လူမှုရေးနှင့် ပတ်သက်သော လှူဒါန်း မှုများအပါအဝင် အခြားလွှဲပြောင်းပေးပို့ငွေ များ မြင့်တက်လာခြင်းတို့ကြောင့် ငွေလွှဲ ပြောင်းမှုစာရင်းတွင် ပိုငွေဖြစ်ပေါ်မှုသည် ယခင်နှစ်အလားတူကာလကထက် ၈ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဒေါ်လာ ၂၄၈၄ ဒသမ ၄ သန်းရှိခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘ ဏ္ဍာနှစ်တွင် ငွေလွှဲပြောင်းမှုစာရင်းတွင် ပို ငွေဖြစ်ပေါ်မှုသည် ဒေါ်လာ ၂၂၈၇ ဒသမ ၇ သန်းရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း သီး သန့်ငွေကြေးပမာဏနှင့် စုစုပေါင်းငွေကြေး ပမာဏတို့၏ နှစ်အလိုက် တိုးတက်မှုနှုန်း အား ၁၁ ရာခိုင်နှုန်းနှင့် ၂၁ ရာခိုင်နှုန်းထက် မပိုစေရန် ငွေကြေးပမာဏရည်မှန်းချက် ထားရှိခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ကုန်တွင် သီးသန့်ငွေကြေးပမာဏနှင့် စုစု ပေါင်းငွေကြေးပမာဏတို့၏ နှစ်အလိုက်တိုး တက်မှုနှုန်းမှာ ၁၁ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်  နှုန်းအသီးသီးဖြစ်သဖြင့် ရည်မှန်းချက်ဘောင် အတွင်း ထားရှိဆောင်ရွက်နိုင်ကြောင်း သိရ သည်။

သီးသန့်ငွေကြေးပမာဏအား ပြောင်း လဲစေသည့် ကိန်းရှင်များအား လေ့လာပါက ၂၀၁၉ ခုနှစ် စက်တင်ဘာရှိ အသားတင်နိုင်ငံ ခြားရရန်ပိုင်ခွင့်များသည် ယခင်နှစ်အလား တူကာလနှင့်နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်းတိုး တက်ခဲ့ပြီး အသားတင်ပြည်တွင်းရရန်ပိုင်ခွင့် များသည် ၂၀ ရာခိုင်နှုန်း သိသာစွာတိုးတက် ခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်ရှိ စုစုပေါင်းနိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေမှာ နိုင်ငံပိုင်ဘဏ်များလက်ဝယ်တွင် ဒေါ်လာ ၉ ဒသမ ၇၃ ဘီလျံနှင့် ပုဂ္ဂလိကပိုင်ဘဏ်များ လက်ဝယ်တွင် ဒေါ်လာ ၁ ဒသမ ၁၉ ဘီလျံ ကိုင်ဆောင်ထားသည်။ နိုင်ငံပိုင်ဘဏ်များ လက်ဝယ်ရှိ နိုင်ငံခြားသုံးသီးသန့်ရန်ပုံငွေ ဒေါ်လာ ၉ ဒသမ ၇၃ ဘီလျံတွင် နိုင်ငံပိုင်မှာ ၆၅ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကပိုင်မှာ ၃၅ ရာခိုင် နှုန်းဖြစ်သည်။

သီးသန့်ငွေကြေးပမာဏတွင် လှည့် လည်သုံးစွဲငွေများနှင့် ဘဏ်များ၏ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေ တို့ပါဝင်သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာ လကုန်တွင် သီးသန့်ငွေကြေးပမာဏ ကျပ် ၁၇၃၂၇ ဘီလျံရှိရာမှ ၂၀၁၉ ခုနှစ် စက်တင် ဘာလကုန်တွင် ကျပ် ၁၉၂၉၀ ဘီလျံသို့ ရောက်ရှိခဲ့သဖြင့် သီးသန့်ငွေကြေးပမာဏ တိုးတက်မှုနှုန်းမှာ ၁၁ ရာခိုင်နှုန်းဖြစ်ခဲ့သည်။ ှ၎င်းင်းတွင် ပြည်တွင်းလှည့်လည်သုံးစွဲငွေ ၁၃ ရာခိုင်နှုန်းတိုးမြင့်ခဲ့ပြီး ဗဟိုဘဏ်ရှိစာရင်း ရှင်အပ်ငွေများ ၃ ဒသမ ၄ ရာခိုင်နှုန်းမြင့် တက်ခဲ့သည်။

 

Most Read

Most Recent