မြန်မာနိုင်ငံ၏ Logistics ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန် ဂျပန်နိုင်ငံ၏ ကူညီမှုဖြင့် ရေးဆွဲခဲ့သည့် National Logistics Master Plan အား အပြီးသတ်ဆောင်ရွက်နိုင်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံဆွေးနွေးမှုပြုလုပ်

မြန်မာနိုင်ငံ၏ Logistics ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန် ဂျပန်နိုင်ငံ၏ ကူညီမှုဖြင့် ရေးဆွဲခဲ့သည့် National Logistics Master Plan အား အပြီးသတ်ဆောင်ရွက်နိုင်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံဆွေးနွေးမှုပြုလုပ်
ရန်ကုန်မြို့ဆူးလေဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့်သင်္ဘောတစ်စင်းအား တွေ့ရစဉ်
ရန်ကုန်မြို့ဆူးလေဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့်သင်္ဘောတစ်စင်းအား တွေ့ရစဉ်
Published 19 August 2020

မြန်မာနိုင်ငံ၏ Logistics ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန် ဂျပန်နိုင်ငံ၏ ကူညီမှုဖြင့် ရေးဆွဲခဲ့သည့် National Logistics Master Plan အား အပြီးသတ်ဆောင်ရွက်နိုင်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှသတင်း ရရှိသည်။

အဆိုပါ National Logistics Master Plan လေ့လာမှု အစီရင်ခံစာ အပြီးသတ်ဆွေးနွေးဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၇ ရက် နံနက်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် ၅၊ နေပြည်တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု Logistics ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည့် National Logistics Master Plan တစ်ခုအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ အကူညီဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင်လမှ စတင်ပြီး ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ Master Plan ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် JICA မှကျွမ်းကျင်သူများ ပါဝင်သည့် Joint Coordinating Committee (JCC) ကို ဖွဲ့စည်း၍ လုပ်ငန်းအစည်းအဝေးများ ကျင်းပ၍ ညှိနှိုင်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ Master Plan ရေးဆွဲမှု လုပ်ငန်းစဉ်များနှင့်အစီအရင်ခံစာ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်များ ပြီးဆုံးပြီဖြစ်သဖြင့် အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် ဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးကျော်မျိုးဦးဆောင်သည့် ပူးတွဲညှိနှိုင်းမှု ကော်မတီအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးဦးကျော်မျိုးက National Logistics Master Plan ရေးဆွဲွဆောင်ရွက်ထားမှု ကိစ္စများ၊ အပြီးသတ် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ Master Plan မှ အဆိုပြုထားသည့် စီမံကိန်းများအပေါ် ဆက်လက်ဆောင်ရွက် အကောင်အထည်ဖော်မည့် အခြေအနေများအပေါ် သုံးသပ်ပြီး အမှာစကားပြောကြားခဲ့ပြီး JICA မြန်မာသံရုံးမှ Senior Representative ဖြစ်သူက တိုင်းပြည်တစ်ပြည်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအပေါ် စွမ်းရည်ပြည့်ဝသော Logistics စနစ်အရေးပါပုံနှင့် ထိုသို့နိုင်ငံအတွက် အရေးကြီးသည့် National Logistics Master Plan အား JICA Study Stem မှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆွဲခဲ့သည့် အခြေအနေများကို ပြောကြားခဲ့သည်။

ယင်းနောက်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှ ဒေါက်တာမျိုးငြိမ်းအေး၊ ညွှန်ကြားရေးမှူး(စီမံကိန်းနှင့် စာရင်းအင်းဌာန)က ရေးဆွဲပြီးစီးခဲ့သည့် National Logistics Master Plan Report ဖြစ်ပေါ်လာရန်အတွက် အချိန်ဇယားအလိုက် ဆောင်ရွက်ခဲ့သည့် အဓိကလေ့လာမှုလုပ်ငန်းစဉ်များ၊ National Logistics Master Plan Report တွင် ပါဝင်သောအခန်းများ၊ ပို့ဆောင်ရေးကဏ္ဍအလိုက် Master Plan မှ အဆိုပြုထားသည့် စီမံကိန်းများ၊ နိုင်ငံ၏ Logistics ကဏ္ဍတွင် လက်ရှိကြုံတွေ့နေရသည့် အချက်အလက်များအပါအဝင် Master Plan Report လေ့လာဆောင်ရွက်ထားမှုကို Presentation ဖြင့် အသေးစိတ်တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent