ပြည်ပနိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ ဇူလိုင်လနောက်ဆုံးပတ်အတွင်း မြန်မာ့ဆန်တန်ချိန် ၁၇၀၀၀ ကျော် တင်ပို့ခဲ့

ပြည်ပနိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ ဇူလိုင်လနောက်ဆုံးပတ်အတွင်း မြန်မာ့ဆန်တန်ချိန် ၁၇၀၀၀ ကျော် တင်ပို့ခဲ့
Published 15 August 2020

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ဇူလိုင်လနောက်ဆုံးပတ်က မြန်မာ့ဆန်တန်ချိန် ၁၇၀၀၀ ကျော်တင်ပို့ခဲ့ပြီး အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၉၅၀၀ ကျော်၊ အာဖရိကသို့တန်ချိန် ၄၆၀၀ ကျော်နှင့် အီးယူသို့ တန်ချိန် ၃၄၀၀ ခန့် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၆ ဒသမ ၆၄၅ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၇၀၀၀ ကျော် တင်ပို့နိုင်ခဲ့သည်။ တင်ပို့မှုများအနေဖြင့် အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၃၄၀၀ ခန့်၊ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၉၅၀၀ ခန့်နှင့် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၄၆၀၀ ကျော်  တင်နိုင်ခဲ့သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၄၀၀၀ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်းမှ ဆန်ကွဲတင်ပို့မှု တန်ချိန် ၁၀၀၀၀ ကျော်၊ တန်ဖိုး ဒေါ်လာ ၃ ဒသမ ၂၈၅ သန်း ခန့်ရှိခဲ့သည်။ တင်ပို့မှုများအနေဖြင့် အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၄၀၀၀ ခန့်နှင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၆၆၀၀ ကျော် တင်ပို့နိုင်ခဲ့သည်။ ယခင်အပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင်   တန်ချိန် ၅၀၀၀ ကျော် ပိုခဲ့သည်။

ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုစုစုပေါင်း တန်ချိန် ၃၄၀၀၀ ခန့် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၈၆၀၀ ခန့် ပိုခဲ့ကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာနှစ် ၁၀ လခန့်တွင် ဆန်တင်ပို့မှု လျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှု မြင့်တက်သဖြင့်  ယခင်နှစ်ကာလတူထက် ဆန်နှင့် ဆန်ကွဲ တန်ချိန်စုစုပေါင်း သုံးသိန်းခွဲကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၁၀၆ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၂၄ ရက်အထိ ဆန်နှင့် ဆန်ကွဲတန်ချိန် စုစုပေါင်း ၂ ဒသမ ၂၇၈ သန်း တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၆၈၅ ဒသမ ၉၈ သန်း ရရှိထားသည်။

ယခင်နှစ်ကာလတူတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန်စုစုပေါင်း ၁ ဒသမ ၉၂ သန်းကျော်သာ တင်ပို့ခဲ့ပြီး ဝင်ငွေဒေါ်လာ သန်း ၅၈၀ နီးပါး ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၀ လခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် စုစုပေါင်း ၃၅၇၄၄၄ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၁၀၆ သန်း ပိုမိုရရှိခဲ့သည်။

ယခင်ကဲ့သို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့ခြင်းက ပြည်ပသို့ ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent