၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ဆယ်လအတွင်း ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၆၃၅၅ ဒသမ ၃၄ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၄၇၃၂ ဒသမ ၇၃ အထိ ထုတ်လုပ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ဆယ်လအတွင်း ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၆၃၅၅ ဒသမ ၃၄ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၄၇၃၂ ဒသမ ၇၃ အထိ ထုတ်လုပ်
ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်အချို့ကို တွေ့ရစဉ်
ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်အချို့ကို တွေ့ရစဉ်
Published 15 August 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ဆယ်လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင်စ ၆၃၅၅ ဒသမ ၃၄ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၄၇၃၂ ဒသမ ၇၃ အထိ ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၅၈၅ ဒသမ ၃၈ ထရိုင်အောင်စ၊ နိုဝင်ဘာလအတွင်း ၅၂ ဒသမ ၄၄ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၄၆၁ ဒသမ ၉၆၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၂၇ ဒသမ ၈၇၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီလတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်လတွင် ၆၁၃ ဒသမ ၃၄၀ ထရိုင်အောင်စ၊ ဧပြီလတွင် ၅၆၂ ဒသမ ၆၆၀ ထရိုင်အောင်စ၊ မေလတွင် ၅၆၁ ဒသမ ၇၀၀ ထရိုင်အောင်စ၊ ဇွန်လတွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စနှင့် ဇူလိုင်လတွင် ၄၈၀ ဒသမ ၃၇၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှုတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ၈၆ ဒသမ ၅၅ ထရိုင်အောင်စု၊ နိုဝင်ဘာလအတွင်း ၉၈ ဒသမ ၄၂ ထရိုင်အောင်စ၊ ဒီဇင်ဘာလအတွင်း ၁၂၃ ဒသမ ၁၈၀ ထရိုင်အောင်စနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ၄၂ ဒသမ ၇၄၀ ထရိုင်အောင်စ၊ မတ်လတွင် ၃၆၉ ဒသမ ၈၅၀ ထရိုင်အောင်စ၊ မေလတွင် ၁၀၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဇွန်လတွင် ၂၁၄ ဒသမ ၀၂၀ ထရိုင်အောင်စနှင့် ဇူလိုင်လတွင် ၃၈၁ ဒသမ ၆၇၀ ထရိုင်အောင်စ ထုတ်လုပ်ခဲ့သည်။

လအလိုက် ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၆၇၁  ဒသမ ၉၃၀ ထရိုင်အောင်စ၊ နိုဝင်ဘာတွင် ၁၅၀ ဒသမ ၈၆၀ ထရိုင်အောင်စ၊ ဒီဇင်ဘာတွင် ၅၈၅ ဒသမ ၁၄၀ ထရိုင်အောင်စ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၄၇၀ ဒသမ ၆၁၀ ထရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၅၀၆ ဒသမ ၆၄၀ ထရိုင်အောင်စ၊ မတ်တွင် ၁၀၁၅ ဒသမ ၁၅၀ ထရိုင်အောင်စ၊ ဧပြီတွင် ၅၆၂ ဒသမ ၆၆၀ ထရိုင်အောင်စ၊ မေတွင် ၇၁၁ ဒသမ ၅၉၀ ထရိုင်အောင်စ၊ ဇွန်တွင် ၇၂၈ ဒသမ ၈၀၀ ထရိုင်အောင်စနှင့် ဇူလိုင်တွင် ၉၅၁ ဒသမ ၉၆၀ ထရိုင်အောင်စဖြင့် စုစုပေါင်း ၆၃၅၅ ဒသမ ၃၄ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အကြီးစား၊ အလတ်စား၊ အသေးစားနှင့် စမ်းသပ်လုပ်ကွက်၊ စမ်းသပ်ဖြစ်မြောက်လုပ်ကွက်အပါအဝင် လုပ်ကွက် စုစုပေါင်း ၁၁၉၅ ကွက်ခွင့်ပြုမိန့် ထုတ်ပေးထားပြီး မန္တလေးတိုင်းဒေသတွင်း ၃၁၇ ကွက်ဖြင့် အများဆုံးခွင့်ပြုထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၁၈ ကွက်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ၁၄၁ ကွက်၊ ကယားပြည်နယ်တွင် ၁၈ ကွက်၊ ကရင်ပြည်နယ်တွင် ၄၆ ကွက်၊ ချင်းပြည်နယ်တွင် လေးကွက်၊ တနင်္သာရီတိုင်းဒေသကြီး ၈၆ ကွက်၊ နေပြည်တော်တွင် သုံးကွက်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခုနစ်ကွက်၊ မကွေးတိုင်းဒေသကြီးတွင် အကွက် ၅၀၊ မွန်ပြည်နယ်တွင် ၁၉ ကွက်၊ ရခိုင်ပြည်နယ်တွင် တစ်ကွက်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ၉၃ ကွက်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ၇၉ ကွက်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် သုံးကွက်ဖြင့် စုစုပေါင်း အကြီးစား၊ အလတ်စား၊ အသေးစားနှင့် စမ်းသပ်လုပ်ကွက်၊ စမ်းသပ်ဖြစ်မြောက် လုပ်ကွက်အပါအဝင် လုပ်ကွက်စုစုပေါင်း ၁၁၉၅ ကွက် ခွင့်ပြုပေးထားသည်။

အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များ ခွင့်ပြုမိန့်ထုတ်ပေးခြင်းကို သတ်မှတ်ဧရိယာအတွင်းဖြစ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ခွင့်ပြုပေးရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားထားသည်။

Most Read

Most Recent