ပြင်သစ်ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ပြင်သစ်ဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 24 July 2020

PSG - စိန့်အက်တီယန် (မြန်မာစံတော်ချိန် ဇူလိုင် ၂၅ ရက်၊ နံနက် ၁:၄၀ နာရီ)



ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းနေတဲ့ ပြင်သစ်ဘောလုံးကို ပြင်သစ်ဖလားဗိုလ်လုပွဲက ပြန်အသက်သွင်းပေးပါလိမ့်မယ်။ ဒီပွဲကို ပြင်သစ်သမ္မတ မက်ခရွန် တက်ရောက်မှာဖြစ်ပြီး Stade de France ကွင်းကြီးထဲမှာ ကျင်းပမှာဖြစ်ကာ ပရိသတ် (၅) ထောင်ကိုလည်း ဝင်ခွင့်ပြုထားပါတယ်။ PSG အတွက်ကတော့ မနှစ်က ဗိုလ်လုပွဲအရှုံးကို ပြန်လည်ကုစားဖို့ အခွင့်အရေးပါပဲ။ ရှိရင်းစွဲအသင်းကနေ အဓိကကစားသမားတွေဖြစ်တဲ့ ကာဗာနီနဲ့ မြူနီယာတို့ ထွက်ခွာသွားပေမယ့် ဒီပွဲအတွက် ရည်ရွယ်ခြေစမ်းတဲ့ နောက်ဆုံး(၂) ပွဲမှာ ပုံစံကောင်းပြထားပါတယ်။ နေမာ၊ ဘာပေ၊ အီကာဒီတို့ လူစုံတက်စုံ ပါဝင်လာဖို့ ရှိတယ်။ စိန့်အက်တီယန်အတွက်ကတော့ ဒီပွဲကို နိုင်လိုက်တာနဲ့ ယူရိုပါလိဂ်ဝင်ခွင့်ရပြီဖြစ်လို့ ကြီးမားတဲ့ အခွင့်အရေးပါပဲ။ ရန်းစ်ရဲ့ မနှစ်ကအောင်ပွဲဟာလည်း စိန့်အက်တီယန်တို့အတွက် အားဖြစ်စေမှာ သေချာတယ်။ ခြေစမ်းပွဲပြင်ဆင်မှုတွေမှာလည်း ခြေစွမ်းပြနေတယ်။ အစစအရာရာသာတဲ့ PSG အနိုင်ရဖို့များပေမယ့် ခက်ခက်ခဲခဲကစားရမယ်။

Most Read

Most Recent