ဗဟိုဘဏ်အတိုးနှုန်း လျှော့ချပြီးနောက်ပိုင်း နိုင်ငံခြားငွေကြေးစျေးကွက် အတက်အကျ ဆက်လက်မြန်ဆန်နေဆဲဖြစ်ပြီး အနိမ့်ဆုံးနှုန်း ကျပ် ၁၄၁၀၊ အမြင့်ဆုံးနှုန်း ကျပ် ၁၄၄၀ အထိဖြစ်ပေါ်

ဗဟိုဘဏ်အတိုးနှုန်း လျှော့ချပြီးနောက်ပိုင်း နိုင်ငံခြားငွေကြေးစျေးကွက် အတက်အကျ ဆက်လက်မြန်ဆန်နေဆဲဖြစ်ပြီး အနိမ့်ဆုံးနှုန်း ကျပ် ၁၄၁၀၊ အမြင့်ဆုံးနှုန်း ကျပ် ၁၄၄၀ အထိဖြစ်ပေါ်
ရန်ကုန်မြို့ရှိ ငွေအရောင်းကောင်တာတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေအရောင်းကောင်တာတစ်ခုကို တွေ့ရစဉ်
Published 13 March 2020

နိုင်ငံတော်ဗဟိုဘဏ်အတိုးနှုန်းလျှော့ချပြီးနောက်ပိုင်း နိုင်ငံခြားငွေကြေးစျေးကွက် အတက်အကျ ဆက်လက်မြန်ဆန်နေဆဲဖြစ်ပြီး ဒေါ်လာစျေး အနိမ့်ဆုံးနှုန်း ကျပ် ၁၄၁၀၊ အမြင့်ဆုံးနှုန်း ကျပ် ၁၄၄၀ အထိ ဖြစ်ပေါ်ခဲ့ ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်တွင် ကမ္ဘာ့ ဒေါ်လာစျေးအညွှန်းကိန်း ၉၇ ပွိုင့်အထက် ရောက်ပြီး ကမ္ဘာ့စျေးကွက်တွင် ဒေါ်လာစျေး ပြန်လည်မြင့်တက်လာသကဲ့သို့ ပြည်တွင်း စျေးကွက်တွင်လည်း လေလံစျေးကွက်မှ တစ်ဆင့် ဗဟိုဘဏ်ဒေါ်လာဝယ်ယူခြင်းနှင့် အတိုးနှုန်း ၀ ဒသမ ၅ ရာခိုင်နှုန်းလျှော့ချခြင်း တို့ကြောင့် ပြည်တွင်းစျေးကွက်၌ ဒေါ်လာစျေး လေးရက်အတွင်း ကျပ် ၁၂၀ အထိ ပြန်လည် မြင့်တက်လာခဲ့သည်။

လေးရက်အတွင်း အနိမ့်ဆုံး-အမြင့် ဆုံးဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းများ မှာ မတ် ၁၀ ရက်တွင် ကျပ် ၁၃၂၀-၁၃၈၀၊ မတ် ၁၁ ရက်တွင် ကျပ် ၁၃၆၀-၁၄၀၀၊ မတ် ၁၂ ရက်တွင် ကျပ် ၁၃၉၀-၁၄၂၀၊ မတ် ၁၃ ရက်တွင် ကျပ် ၁၄၁၀-၁၄၄၀ အထိဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအညွှန်း ကိန်းများမှာ စက်တင်ဘာတွင် ၉၉ ဒသမ ၂၈ ပွိုင့်၊ အောက်တိုဘာတွင် ၉၉ ဒသမ ၂၉ ပွိုင့်၊ နိုဝင်ဘာတွင် ၉၈ ဒသမ ၄၃ ပွိုင့်၊ ဒီဇင်ဘာ တွင် ၉၈ ဒသမ ၂၉ ပွိုင့်၊ ဇန်နဝါရီတွင် ၉၈ ဒသမ ၀၀၇ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၉ ဒသမ ၈၁၂ ပွိုင့်ဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေ လဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှစတင်ကာ သိသိ သာသာမြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထား ကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင်  ၁၆၂၂ ကျပ်၊ စက် တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အ မြင့်ဆုံးစံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာစျေး သည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိကျဆင်းခဲ့သော်လည်း တစ်လ အတွင်း ဆက်တိုက်မြင့်တက်ခဲ့ရာ စက်တင် ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိအမြင့် ဆုံး စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော် လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိပြန်လည်မြင့်တက်ခဲ့သည်။ ဒီ ဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အ ထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိ ပြန်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိ ကျဆင်းခဲ့ သည်။ မတ် ၁၈ ရက်တွင်  ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက် ခဲ့ပြီး ဇွန် ၁ ရက်တွင် ၁၅၂၉ ကျပ် ဝန်းကျင်ရှိ ခဲ့သည်။ သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ် ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၆ ရက် တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ဒီဇင် ဘာ ၂၅ ရက်မှစတင်ဘာ တစ်ဒေါ်လာကျပ် ၁၅၀၀ အောက်၊ ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက် မှစ၍ ကျပ် ၁၄၀၀ အောက်ကျဆင်းခဲ့သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း အတွင်းလအလိုက်ဖြစ်ပေါ်သော နိုင်ငံခြား ငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၁၉ ခုနှစ် မတ်တွင် ၁၅၀၈-၁၅၂၇ ကျပ်၊ ဧပြီတွင် ၁၅၀၄-၁၅၂၅ ကျပ်၊ မေတွင် ၁၅၁၆ -၁၅၃၈ ကျပ်၊ ဇွန်တွင် ၁၅၁၇-၁၅၂၉ ကျပ်၊ ဇူလိုင်တွင် ၁၅၀၈-၁၅၁၇ ကျပ်၊ သြဂုတ်တွင် ၁၅၁၀-၁၅၂၆ ကျပ်၊ စက်တင်ဘာတွင် ၁၅၂၇ -၁၅၆၅ ကျပ်၊ အောက်တိုဘာတွင် ၁၅၂၈-၁၅၃၇ ကျပ်၊ နိုဝင်ဘာတွင် ၁၅၁၀-၁၅၂၄ ကျပ်၊ ဒီဇင်ဘာတွင် ၁၄၈၅-၁၅၁၃ ကျပ်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၄၆၅-၁၄၉၃ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၄၃၆-၁၄၆၅ ကျပ် တို့ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်တွင်ဖြစ်ပေါ်သော အ ခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်း ထားများမှာ ယူရို ၁၅၅၀ ကျပ်၊ စင်ကာပူဒေါ် လာ ၁၀၁၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၃၀ ကျပ်၊ ထိုင်းဘတ် ၄၄ ဒသမ ၇ ကျပ်၊ တရုတ် ယွမ် ၂၀၀ ကျပ်ဖြစ်သည်။

 

Most Read

Most Recent