ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း အတက်အကျမြန်ဆန်လျက်ရှိပြီး သုံးရက်အတွင်း ကျပ် ၁၀၀ ပြန်တက်ကာ တစ်ဒေါ်လာ ကျပ် ၁၄၂၀ အထိ မြင့်တက်

ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း အတက်အကျမြန်ဆန်လျက်ရှိပြီး သုံးရက်အတွင်း ကျပ် ၁၀၀ ပြန်တက်ကာ တစ်ဒေါ်လာ ကျပ် ၁၄၂၀ အထိ မြင့်တက်
 ရန်ကုန်မြို့ရှိ  နိုင်ငံခြားငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ  နိုင်ငံခြားငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 13 March 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် မတ် ၁၂ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၆ ပွိုင့်အထက် ဆက်ရှိနေပြီး ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း အတက်အကျမြန်ဆန်နေရာ သုံးရက်အတွင်း ကျပ် ၁၀၀ ပြန်တက်ခဲ့ကာ တစ်ဒေါ်လာ ကျပ် ၁၄၂၀ အထိ မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မတ် ၁၀ ရက်တွင် နိုင်ငံခြားငွေစျေးပြိုင် လေလံနှစ်ကြိမ်ဖြင့် ဒေါ်လာကိုးသန်းဝယ်ယူခဲ့ကာ စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၁၃၂၀ အထိ ကျဆင်းခဲ့သော ဒေါ်လာစျေးသည် တစ်ဒေါ်လာ ကျပ် ၁၃၈၀ အထိ ပြန်လည်ခုန်တက်ခဲ့သည်။ မတ် ၁၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း အတက်အကျများဖြစ်ပေါ်ခဲ့ပြီး ကျပ် ၁၃၆၀ ဖြင့်ဖွင့်ခဲ့သော ဒေါ်လာစျေးသည် ကျပ် ၁၄၀၀ အထိ ဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ မတ် ၁၁ ရက်တွင်လည်း ကျပ် ၁၃၉၀ ဖြင့် စျေးဖွင့်ခဲ့သော ဒေါ်လာစျေးသည် မွန်းလွဲပိုင်းတွင် ကျပ် ၁၄၂၀ အထိ ဆက်တက်ခဲ့သည်။

ပြီးခဲ့သည့်ငါးလအတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်းများမှာ အောက်တိုဘာတွင် ၉၉ ဒသမ ၂၉ ပွိုင့်၊ နိုဝင်ဘာတွင် ၉၈ ဒသမ ၄၃ ပွိုင့်၊ ဒီဇင်ဘာတွင် ၉၈ ဒသမ ၂၉ ပွိုင့်၊ ဇန်နဝါရီတွင် ၉၈ ဒသမ ၀၀၇ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၉ ဒသမ ၈၁၂ ပွိုင့်ဖြစ်သည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှစတင်ကာ သိသိသာသာမြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံး စံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိကျဆင်းခဲ့သော်လည်း တစ်လအတွင်း ဆက်တိုက်မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ အမြင့်ဆုံး စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ထိုနောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော် လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက် တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိ ပြန် တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိ ကျဆင်းခဲ့သည်။ မတ် ၁၈ ရက်တွင်  ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက်ခဲ့သည်။ သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၅ ရက်မှစတင်ဘာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အောက်၊ ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်မှစ၍ကျပ် ၁၄၀၀ အောက် ကျဆင်းခဲ့သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၁၉ ခုနှစ် မတ်တွင် ၁၅၀၈ -၁၅၂၇ ကျပ်၊ ဧပြီတွင် ၁၅၀၄-၁၅၂၅ ကျပ်၊ မေတွင် ၁၅၁၆-၁၅၃၈ ကျပ်၊ ဇွန်တွင် ၁၅၁၇-၁၅၂၉ ကျပ်၊ ဇူလိုင်တွင် ၁၅၀၈-၁၅၁၇ ကျပ်၊ သြဂုတ်တွင် ၁၅၁၀-၁၅၂၆ ကျပ်၊ စက်တင်ဘာတွင် ၁၅၂၇-၁၅၆၅ ကျပ်၊ အောက်တိုဘာတွင် ၁၅၂၈-၁၅၃၇ ကျပ်၊ နိုဝင်ဘာတွင် ၁၅၁၀- ၁၅၂၄ ကျပ်၊ ဒီဇင်ဘာတွင် ၁၄၈၅-၁၅၁၃ ကျပ်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၄၆၅-၁၄၉၃ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၄၃၆-၁၄၆၅ ကျပ်တို့ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၀ ပြည့်နှစ် မတ် ၁၂ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၅၅၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၀၁၅ ကျပ်၊ မလေးရှားရင်းဂစ် ၃၃၀ ကျပ်၊ ထိုင်းဘတ် ၄၄ ဒသမ ၅ ကျပ်၊ တ ရုတ်ယွမ် ၂၀၀ ကျပ်ဖြစ်သည်။

 

 

Most Read

Most Recent