၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၃၃ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉ ဒသမ ၀၉ ရာခိုင်နှုန်းမြင့်တက်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၃၃ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉ ဒသမ ၀၉ ရာခိုင်နှုန်းမြင့်တက်
ရန်ကုန်မြို့ရှိ စားသောက်ကုန်များရောင်းချနေသည့် စူပါမားကက်တစ်ခုအတွင်း မြင်ကွင်း
ရန်ကုန်မြို့ရှိ စားသောက်ကုန်များရောင်းချနေသည့် စူပါမားကက်တစ်ခုအတွင်း မြင်ကွင်း
Published 8 March 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၁ ဒသမ ၃၃ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉ ဒသမ ၀၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်း နှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။

၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၂ ဒသမ ၆၉၊ အစားအစာမဟုတ်သော အုပ်စုအတွက် ၁၄၄ ဒသမ ၉၇ နှင့် အုပ်စုအားလုံးအတွက် ၁၆၁ ဒသမ ၃၃ ရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်း နှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၀၉ ရာခိုင်နှုန်းမြင့် တက်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ကာလတူထက် စားသုံးသူစျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်ကောက်ခံသည့် အုပ်စု အားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်းစျေးနှုန်းများ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအထိဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေး ဆနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် ဇူလိုင် တွင် ၁၄၁ ဒသမ ၁၃ ရှိရာမှ တဖြည်းဖြည်းမြင့် တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ၁၄၈ ဒသမ ၉၅ အထိမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထား သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်မူ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲ လှယ်နှုန်း ကျဆင်းလာခြင်းကြောင့် ဆက်စပ် ကုန်ပစ္စည်းစျေးနှုန်းများ ကျဆင်းလာခြင်း၊ ဆန်သစ်ပေါ်ချိန်ဖြစ်၍ စျေးနှုန်းများ ကျဆင်း ခြင်း၊ ဆောင်းရာသီဖြစ်ခြင်းကြောင့် အသီး အနှံစျေးနှုန်းများ၊  ဟင်းသီးဟင်းရွက်စျေးနှုန်း များနှင့် ကုန်ခြောက်ပစ္စည်းစျေးနှုန်းများ ကျ ဆင်းလာခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်း မှာ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ၌ နိုင်ငံခြားငွေ လဲနှုန်းများ ဆက်တိုက်ကျဆင်းခဲ့သော်လည်း အသား၊ ငါးနှင့် ဥစျေးနှုန်းများ မြင့်တက်လာ ခြင်းနှင့် ရွှေစျေးနှုန်း မြင့်တက်နေခြင်းတို့ ကြောင့် စားသုံးသူစျေးဆနှုန်းပြန်လည်မြင့် တက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအထိ ဆက်လက် မြင့်တက်လာသည်ကို  တွေ့ရ ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ် တင်ပြထားသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ပြည်နယ် နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော  စားသုံးသူစျေးဆနှုန်းများကို ကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံးမြို့ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တွင် ယခင် လနှင့် နှိုင်းယှဉ်ပါက ကရင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်မြို့ တွင် မြင့်တက်နေပြီး  ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ကျဆင်းလျက်ရှိသည်။ နှစ် အလိုက် ပြောင်းလဲမှု ရာခိုင်နှုန်းအနေဖြင့် မန္တလေးမြို့တွင် ၁၅ ဒသမ ၆၃ ရာခိုင်နှုန်းဖြင့် အများဆုံးပြောင်းလဲမှုဖြစ်ပေါ်နေပြီး ကချင် ပြည်နယ်တွင် ၄ ဒသမ ၄၉ ရာခိုင်နှုန်းဖြင့် အနည်းဆုံးပြောင်းလဲမှုဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆ နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင် ဘာတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ် ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့ နယ်ပေါင်း ၈၂ မြို့နယ်၌ နမူနာအိမ်ထောင်စု ပေါင်း ၃၂၆၆၉ စုကို စစ်တမ်းကောက်ယူခဲ့ ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်း ကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစား များမှာ အများသုံးစွဲသည့်ကုန်ပစ္စည်းနှင့် ဝန် ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုး ပါဝင် ကြောင်း သိရသည်။ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စု၌ ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ် သောအုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုး ရွေးချယ်ခဲ့ပြီး စုစုပေါင်း  ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူ တွက်ချက်ခဲ့ကြောင်း ဗဟို စာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိ ရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အ ခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်း ပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအထိ တစ်နှစ် ပျမ်းမျှ ၉ ဒသမ ၀၆ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၉ ဒသမ ၀၉ ရာ ခိုင်နှုန်းရှိကြောင်း သိရသည်။ 

 

 

 

 

Most Read

Most Recent