ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း စတင်သည်နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် နောင်တွင် မြေငှားရမ်း၍ လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ အနေဖြင့် စီမံကိန်းကြောင့် နစ်နာသူများအတွက် လျော်ကြေးပေးခြင်းနှင့် ရွှေ့ပြောင်းနေရာ ချထားခြင်းကို နိုင်ငံတကာ စံနှုန်းများနှင့် ဆောင်ရွက်ရမည်

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း စတင်သည်နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် နောင်တွင် မြေငှားရမ်း၍ လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ အနေဖြင့် စီမံကိန်းကြောင့် နစ်နာသူများအတွက် လျော်ကြေးပေးခြင်းနှင့် ရွှေ့ပြောင်းနေရာ ချထားခြင်းကို နိုင်ငံတကာ စံနှုန်းများနှင့် ဆောင်ရွက်ရမည်
ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း ဝန်းကျင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)
ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း ဝန်းကျင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)
Published 12 January 2020
နီလာ

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း စတင်သည်နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် နောင်တွင်မြေငှားရမ်း၍ လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ အနေဖြင့် စီမံကိန်းလုပ်ငန်းများကြောင့် ထိခိုက်နစ်နာသည့် ပုဂ္ဂိုလ်များအတွက် လျော်ကြေးပေးခြင်းနှင့် ရွှေ့ပြောင်းနေရာချထားခြင်းကို နိုင်ငံတကာစံနှုန်းများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အခြေအနေများကို ပြည့်မီကိုက်ညီအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းအတွက် ငွေလုံးငွေရင်း အရင်းအနှီးနှင့် တိကျသေချာသော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များကို တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အထောက်အထားများ အီတာလျံ-ထိုင်း ကုမ္ပဏီထံမှ ရရှိပြီးသည်နှင့် ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အနေဖြင့် အီတာလျံ-ထိုင်း ကုမ္ပဏီသို့ စီမံကိန်းစတင် ဆောင်ရွက်ရန် အကြောင်းကြားစာ ပေးပို့သွားမည် ဖြစ်ကြောင်းနှင့် စီမံကိန်းအား မကြာမီ ကာလအတွင်း စတင်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားသည်။

ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် အီတာလျံ-ထိုင်း ကုမ္ပဏီက ကနဦးစီမံကိန်း လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးအတွက် ကနဦးစီမံကိန်း လုပ်ငန်းများအတွင်း ပါဝင်သည့် အခြားသော စီမံကိန်းများကိုလည်း ယခုပြင်ဆင် ပေးပို့ခဲ့သည့် ကနဦးစက်မှုဇုန် မြေငှားစာချုပ်ကဲ့သို့ ပြင်ဆင်ဆောင်ရွက် ပေးပို့သွားမည်ဖြစ်ပြီး ဆောင်ရွက်မှုများအား မကြာမီ အသိပေးကြေညာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆက်လက်ပေးပို့ ဆောင်ရွက်သွားမည့် စီမံကိန်းများတွင် သဘာဝဓာတ်ငွေ့ရည်ဆိပ်ကမ်း စီမံကိန်း၊ ကနဦး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ဆိပ်ကမ်းငယ် စီမံကိန်းများလည်း ပါဝင်မည်ဖြစ်သည်။

အထက်ပါ အီတာလျံ-ထိုင်း ကုမ္ပဏီက ဆောင်ရွက်မည့် ကနဦး စီမံကိန်း အကောင်အထည်ဖော်နေစဉ် ကာလအတွင်း ထားဝယ်အထူး စီးပွားရေးဇုန်အတွင်း အခြားသော စီမံကိန်းများ ဖြစ်ထွန်းအောင်မြင်လာစေရေး အတွက်လည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စတင်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှု ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

ထားဝယ်အထူး စီးပွားရေးဇုန်၏ လမ်း၊ မီး၊ ရေ၊ ဆိပ်ကမ်းစသည့် အခြေခံ အဆောက်အအုံဆိုင်ရာ တည်ဆောက်မှုကို လာမည့် သုံး၊ လေး နှစ်အတွင်း အပြီးတည်ဆောက်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

ထားဝယ်အထူး စီးပွားရေးဇုန်တွင် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းဟူ၍ ပါဝင်ပြီး ကနဦးစီမံကိန်း၌ နှစ်လမ်းသွားကားလမ်း ဖောက်လုပ်မှု ပါဝင်ကြောင်း သိရသည်။ ထားဝယ်အထူးစီးပွားရေးဇုန် တစ်ခုလုံးတွင် ဧရိယာ ၁၉၆ စတုရန်း ကီလိုမီတာရှိပြီး ကနဦးစီမံကိန်းတွင် ၂၇ စတုရန်းကီလိုမီတာ ပါဝင်ကြောင်း ဒေါက်တာမြင့်ဆန်းက ပြောကြားသည်။

 

Most Read

Most Recent