ပြည်တွင်းဆန်ကြမ်းစျေး တစ်အိတ်လျှင် ကျပ် ၁၇၀၀၀ ဝန်းကျင်သာရှိပြီး ဧည့်မထဆန်တစ်အိတ်လျှင်  တစ်နှစ်အတွင်း ကျပ် ၂၅၀၀ ခန့်ကျဆင်း

ပြည်တွင်းဆန်ကြမ်းစျေး တစ်အိတ်လျှင် ကျပ် ၁၇၀၀၀ ဝန်းကျင်သာရှိပြီး ဧည့်မထဆန်တစ်အိတ်လျှင်  တစ်နှစ်အတွင်း ကျပ် ၂၅၀၀ ခန့်ကျဆင်း
ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်ကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်ကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 11 January 2020
နီလာ

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်တွင်းဆန်ကြမ်းစျေး တစ်အိတ်လျှင် ကျပ် ၁၇၀၀၀ ဝန်းကျင်သာရှိပြီး ဧည့်မထဆန်တစ်အိတ်လျှင် တစ်နှစ်အတွင်း ကျပ် ၂၅၀၀ ခန့် ကျဆင်းကာ လေးနှစ်အတွင်း ကျပ် ၃၀၀၀ ခန့်ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့်  ဆန်စျေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ဇန်နဝါရီလအတွင်းက ကျပ် ၁၉၃၀၀၊ ဖေဖော်ဝါရီလတွင် ကျပ် ၁၉၅၀၀၊ မတ်လတွင် ကျပ် ၁၈၈၀၀၀၊ ဧပြီလတွင် ကျပ် ၁၇၈၀၀၊ မေလတွင် ကျပ် ၁၇၃၀၀၊ ဇွန်လတွင် ကျပ် ၁၇၅၀၀၊ ဇူလိုင်လတွင် ကျပ် ၁၈၀၀၀၊ သြဂုတ်လတွင် ကျပ် ၁၇၇၀၀၊ စက်တင်ဘာလတွင် ကျပ် ၁၈၀၀၀၊ အောက်တိုဘာတွင် ကျပ် ၁၇၇၀၀၊ နိုဝင်ဘာတွင် ကျပ် ၁၇၅၀၀ နှင့် ဒီဇင်ဘာတွင် ကျပ် ၁၆၇၀၀ စျေးရှိခဲ့သည်။ ထို့ကြောင့် တစ်နှစ်အတွင်း ဧည့်မထဆန်တစ်အိတ်လျှင် ကျပ် ၂၅၀၀ ခန့် ကျဆင်းခဲ့သည်။

၂၀၁၆ ခုနှစ်က ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ စျေးရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ် (ဒီဇင်ဘာ) တွင်မူ တစ်အိတ်လျှင် ကျပ် ၁၆၇၀၀ စျေးရှိခဲ့ကာ လေးနှစ်အတွင်း ကျပ် ၃၀၀၀ ကျော် စျေးကျခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း ငစိန် ၂၅ မှတ်စျေးများမှာ ၁၀၈ ပေါင်တစ်အိတ်လျှင် ဇန်နဝါရီလအတွင်းက ကျပ် ၁၉၇၀၀၊ ဖေဖော်ဝါရီလတွင် ကျပ် ၁၉၇၀၀၊ မတ်လတွင် ကျပ် ၁၉၇၀၀၊ ဧပြီလတွင် ကျပ် ၁၉၇၀၀၊ မေလတွင် ကျပ် ၁၉၇၀၀၊ ဇွန်လတွင် ကျပ် ၁၉၇၀၀၊  ဇူလိုင်လတွင် ကျပ် ၁၈၀၀၀၊ သြဂုတ်လတွင် ကျပ် ၁၉၇၀၀၊ စက်တင်ဘာလတွင် ကျပ် ၁၉၇၀၀၊ အောက်တိုဘာတွင် ကျပ် ၁၉၀၀၀ နှင့် နိုဝင်ဘာတွင် ကျပ် ၁၇၀၀၀၊ ဒီဇင်ဘာတွင် ၁၇၂၀၀ ကျပ် စျေးရှိခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်းက ပေါင် ၁၈၀ ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၄၃၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊ ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ်၂၀၅၀၀ ရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း ၁၈ဝပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၆၀၀၀၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၁၈၃၀၀ ရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ပေါင် ၁၈ဝရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၁၉၇၀၀၊ ငစိန် ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ အထိ စျေးရှိသေည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပေါင် ၁၈၀ ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၆၀၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၂၈၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၆၇၀၀၊ ငစိန် ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၁၇၂၀၀ အထိ စျေးရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

Most Read

Most Recent