စမောလင်းကို ခေါ်ယူရန် စီးရီးအေထိပ်သီးအသင်းများ အပြိုင်စိတ်ဝင်စားနေ

စမောလင်းကို ခေါ်ယူရန် စီးရီးအေထိပ်သီးအသင်းများ အပြိုင်စိတ်ဝင်စားနေ
Published 4 November 2019

ရိုးမားအသင်းတွင် အငှားလာကစားနေသည့် မန်ယူနောက်ခံလူ စမောလင်းကို ခေါ်ယူရန် လက်ရှိကလပ် ရိုးမားအသင်းအပြင် အေစီမီလန်၊ အင်တာမီလန်အသင်းများကလည်း အပြိုင်စိတ်ဝင်စားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အီတလီသတင်းများက စမောလင်းအနေဖြင့် မန်ယူအသင်းမှ ထွက်ခွာဖြစ်လျှင် အခြားစီးရီးအေသင်းများထက် လက်ရှိကစားနေသည့် ရိုးမားအသင်းကိုသာ ဦးစားပေးရွေးချယ်ဖွယ်ရှိသည်ဟု ရေးသားခဲ့သည်။

မန်ယူအသင်းသည် စီးရီးအေကလပ် ရိုးမား အသင်းသို့ အငှားချထားသော နောက်ခံလူ စမောလင်းအတွက် အပြီးသတ်ပြောင်းရွှေ့ကြေးကို ပေါင် (၁၇)သန်းသတ်မှတ်ထားကြောင်း သိရှိရသည်။

စမောလင်း(၂၉ နှစ်)သည် ပြီးခဲ့သည့်နွေရာသီအ ပြောင်းအရွှေ့ကာလအတွင်း မန်ယူအသင်းမှ ရိုးမားအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ခဲ့ပြီး၊ ယခုရာသီတွင် ရိုးမားအသင်းအတွက် (၇)ပွဲ ပါဝင်ကစားကာ (၁)ဂိုးသွင်းယူပေးထားကာ သူ၏ခံစစ်စွမ်းဆောင်ရည်မှတ်တမ်းများလည်း တိုးတက်လာခဲ့သည်။

ရိုးမားအသင်းသည် ၎င်းအတွက် မန်ယူအသင်းကို ပေါင် (၁၁)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း အီတလီသတင်းစာ Corriere della Sera က ဖော်ပြခဲ့သည်။

 

Most Read

Most Recent