စပါးနှင့်ပွဲတွင် အဲဗာတန်ကွင်းလယ်လူ အန်ဒရေဂိုးမက်စ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့

စပါးနှင့်ပွဲတွင် အဲဗာတန်ကွင်းလယ်လူ အန်ဒရေဂိုးမက်စ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့
Photos: AFP
Photos: AFP
Published 4 November 2019

ယင်းဖြစ်ရပ်ဖြစ်ချိန်တွင် ဒဏ်ရာပြင်းထန်သည့် ပုံစံမထင်ရသော်လည်း ကစားသမားများသည် ဂိုးမက်စ်၏ ဒဏ်ရာကို မြင်တွေ့ခဲ့ပြီးနောက် အလွန်စိုးရိမ်ခဲ့ကြပြီး ဆေးအဖွဲ့ကို ကွင်းအတွင်း အမြန်ခေါ်ရန် ကြိုးပမ်းခဲ့ကြသည်။ ဆေးအဖွဲ့ဝင်လာပြီးနောက် ဂိုးမက်စ်၏ ဒဏ်ရာကို ကွင်းအတွင်းတွင် (၆)မိနစ်ကြာကုသပြီးမှ ကွင်းထဲမှ ထွက်ခွာသွားခဲ့ရသည်။

 

အဲဗာတန်အသင်း၏ ကွင်းလယ်လူ အန်ဒရေဂိုးမက်စ်သည် စပါးအသင်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးကစားသမား ဆွန်ဟောင်မင်၏ ဖျက်ထုတ်မှုကြောင့် ခြေထောက်ကျိုးသွားခဲ့ကြောင်းသိရှိရသည်။ ဂိုးမက်စ်သည် ပွဲချိန် (၇၉)မိနစ်တွင် ဘောလုံးဆွဲပြေးရန် ကြိုးပမ်းစဉ် ဆွန်ဟောင်မင်၏ နောက်မှဖျက်ထုတ်ခြင်းကိုခံခဲ့ရသည်။ ယင်းဖျက်ထုတ်မှုကြောင့် လဲကျသွားစဉ် ဂိုးမက်စ်သည်  စပါးနောက်ခံလူ အော်ရီယေးနှင့် တိုက်မိခဲ့ပြီး ခြေထောက်ကျိုးခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်ဖြစ်ချိန်တွင် ဒဏ်ရာပြင်းထန်သည့် ပုံစံမထင်ရသော်လည်း ကစားသမားများသည် ဂိုးမက်စ်၏ ဒဏ်ရာကို မြင်တွေ့ခဲ့ပြီးနောက် အလွန်စိုးရိမ်ခဲ့ကြပြီး ဆေးအဖွဲ့ကို ကွင်းအတွင်း အမြန်ခေါ်ရန် ကြိုးပမ်းခဲ့ကြသည်။ ဆေးအဖွဲ့ဝင်လာပြီးနောက် ဂိုးမက်စ်၏ ဒဏ်ရာကို ကွင်းအတွင်းတွင် (၆)မိနစ်ကြာကုသပြီးမှ ကွင်းထဲမှ ထွက်ခွာသွားခဲ့ရသည်။ ဆွန်ဟောင်မင်သည် ယင်းဖျက်ထုတ်မှုကြောင့်အနီကတ်ထိခဲ့သလို၊ ဂိုးမက်စ်၏ ဒဏ်ရာကို မြင်တွေ့ပြီးနောက် အလွန်ဆိုးရွားကြောင်း သိရှိသွားသည့်အတွက် မျက်ရည်များကျဆင်းကာ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။ 

အဲဗာတန်အသင်း၏ နည်းပြဖြစ်သူ မာကိုဆေးလ်ဗားက "ဒဏ်ရာအခြေအနေကို သိရဖို့ ကျွန်တော်လည်းစောင့်နေပါတယ်။ သူအခု ဆေးရုံမှာပါ။ ကျွန်တော်တို့အသင်းဆေးအဖွဲ့က ဒဏ်ရာကိုကောင်းကောင်းကုသပေးလိုက်နိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 



ဆွန်ဟောင်မင်၏ စပါးအသင်းဖော်ဖြစ်သူ ဒယ်လီအယ်လီကလည်း "ဂိုးမက်စ်ရဲ့ဒဏ်ရာကို ကျွန်တော် သေချာတောင်မကြည့်ရဲဘူး။ သူ အမြန်ဆုံးပြန်ကောင်းပါစေလို့ပဲ ဆုတောင်းပေးပါတယ်"ဟု ဆိုခဲ့သလို၊ "ဆွန်လည်း အသည်းအသန်ငိုနေတာ။ ဒါ သူ့အမှားတော့မဟုတ်ပါဘူး။ ဆွန်က ခင်ဗျားတို့ တွေ့ဖူးသမျှကစားသမားတွေထဲမှာ အဖော်ရွေဆုံးလူတစ်ယောက်ဖြစ်ပါတယ်။ အခုလည်း ငိုလွန်းလို့ ခေါင်းတောင်မထောင်နိုင်ဘူး"ဟု ပြောကြားခဲ့သည်။

ယင်းပွဲတွင် စပါးအသင်းက ဒယ်လီအယ်လီ၏ သွင်းဂိုးဖြင့် ဦးဆောင်ခဲ့ပြီး နာကျင်အချိန်ပို (၉၇)မိနစ်တွင် တိုဆန်က အဲဗာတန်အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့သည်။ 

 

Most Read

Most Recent