အရှေ့တောင်အာရှတွင် စျေးကွက်တန်ဖိုးအမြင့်ဆုံးလူစာရင်းကို ပိုင်ဆိုင်ထားသည့် အသင်းအဖြစ် ထိုင်းကလပ် မြောင်တောင်ယူနိုက်တက်အသင်း ရပ်တည်

အရှေ့တောင်အာရှတွင် စျေးကွက်တန်ဖိုးအမြင့်ဆုံးလူစာရင်းကို ပိုင်ဆိုင်ထားသည့် အသင်းအဖြစ် ထိုင်းကလပ် မြောင်တောင်ယူနိုက်တက်အသင်း ရပ်တည်
Photos: Getty Images
Photos: Getty Images
Published 3 November 2019

ကမ္ဘာ့တစ်ဝှမ်းမှ ဘောလုံးသမားများ၏ စျေးကွက်တန်ဖိုးများကို တွက်ချက်ဖော်ပြလေ့ရှိသည့်  Transfermarkt.com သည် အရှေ့တောင်အာရှတွင် စျေးကွက်တန်ဖိုးအမြင့်ဆုံး လူစာရင်းကို ပိုင်ဆိုင်ထားသည့် အသင်း (၁၀) သင်းစာရင်းကို ထုတ်ပြန်ခဲ့ပြီး ထိုင်းကလပ်အသင်း (၆)သင်း အထိ ပါဝင်ခဲ့ကာ မြန်မာကလပ်အသင်း (၁)သင်းမှ ပါဝင် ခဲ့ခြင်းမရှိပေ။

 

ထိုင်းကလပ် မြောင်တောင်ယူနိုက်တက်အသင်းသည် အရှေ့တောင်အာရှတွင် စျေးကွက်တန်ဖိုးအမြင့်ဆုံးလူစာရင်းကို ပိုင်ဆိုင်ထားသည့် အသင်းအဖြစ် ရပ်တည်နေကြောင်း Transfermarkt.com က ဖော်ပြခဲ့သည်။ 

ကမ္ဘာ့တစ်ဝှမ်းမှ ဘောလုံးသမားများ၏ စျေးကွက်တန်ဖိုးများကို တွက်ချက်ဖော်ပြလေ့ရှိသည့်  Transfermarkt.com သည် အရှေ့တောင်အာရှတွင် စျေးကွက်တန်ဖိုးအမြင့်ဆုံး လူစာရင်းကို ပိုင်ဆိုင်ထားသည့် အသင်း (၁၀) သင်းစာရင်းကို ထုတ်ပြန်ခဲ့ပြီး ထိုင်းကလပ်အသင်း (၆)သင်း အထိ ပါဝင်ခဲ့ကာ မြန်မာကလပ်အသင်း (၁)သင်းမှ ပါဝင်ခဲ့ခြင်းမရှိပေ။

မြောင်တောင်ယူနိုက်တက်အသင်းရှိ ကစားသမားများ၏ စျေးကွက်တန်ဖိုးမှာ ပေါင် (၇.၀၉)သန်းအထိ ရှိကြောင်း သိရသည်။ မြောင်တောင်ယူနိုက်တက်အသင်းနောက်တွင် ထိုင်းကလပ်အသင်းများဖြစ်သည့် ဘန်ကောက်ယူနိုက်တက်၊ ပေါ့ FC၊ ဘူရီရမ်ယူနိုက်တက်နှင့် ဒူရယ်လ်သာဇင်အသင်းတို့က အစဉ်လိုက်ရပ်တည်နေသည်။ 

မြောင်တောင်ယူနိုက်တက်အသင်းသည် မြန်မာ့လက်ရွေးစင်ကစားသမား အောင်သူပါဝင်ကစားနေသည့် ကလပ်အသင်းဖြစ်သည်။

 

Most Read

Most Recent