ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 30 August 2019

ဆီဗီလာ နှင့် ဆယ်လ်တာဗီဂို (စနေနံနက် ၀၀:၃၀ နာရီ)

(၂)ပွဲကစားပြီးချိန်မှာ ဆီဗီလာကတော့ ရာနှုန်းပြည့်အနိုင်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဝင်ယူထားနိုင်တယ်။ (၂)ပွဲစလုံး ပေးဂိုးမရှိအောင် ကစားပြထားပြီး (၂)ပွဲစလုံးကလည်း အဝေးကွင်းမှာချည်း ကစားထားရတာဖြစ်လို့ ဆီဗီလာရဲ့ ရာသီအဖွင့်က အားရစရာကောင်းနေတာတော့ အမှန်ပဲ။ နည်းပြသစ်၊ ကစားသမားသစ်တွေနဲ့ အသင်းကို အပြောင်းအလဲတွေအများကြီးလုပ်ထားတဲ့ ဆီဗီလာဟာ ပြီးခဲ့တဲ့ (၂)ပွဲမှာ လူဟောင်းတွေဆိုလို့ ဂိုးသမား ဗစ်ချလစ်ခ်၊ နာဗတ်စ်၊ နိုလီတိုနဲ့ ဘာနီဂါတို့ လောက်ပဲပွဲထုတ်ပြီး လူသစ်အများစုနဲ့ အသင်းကို အသစ်တည်ဆောက်ထားတာတွေ့ရတယ်။ လူဟောင်းတွေကလည်း လူသစ်တွေကို အကောင်းဆုံးဦးဆောင်မှုပေးပြီး ကစားနိုင်တဲ့အခါ ဆီဗီလာရဲ့ကစားပုံက တစ်ပွဲထက်တစ်ပွဲ ပိုငြိမ်လာဖို့ပဲရှိတယ်။ ဆယ်လ်တာဗီဂိုကလည်း ကစားပုံကောင်းပေမယ့် အဝေးကွင်းမှာ သိပ်စိတ်ချရမယ့်ပုံမပေါ်သေးဘူး။ (၃)ပွဲဆက် နိုင်ပွဲယူဖို့သေချာနေတဲ့ ဆီဗီလာနဲ့ ဂိုးအများကိုပဲကြိုက်တယ်။

 

ဘီလ်ဘာအို နှင့် ဆိုစီဒက် (စနေနံနက် ၂:၃၀ နာရီ)

ဆိုစီဒက်ကတော့ အဝေးကွင်းပွဲတွေ ဆက်နေတယ်။ ပြီးခဲ့တဲ့ အဝေးကွင်း (၂)ပွဲစလုံးလည်း ဆိုစီဒက် ရလဒ်မဆိုးဘူး။ ဗလင်စီယာကို သရေ၊ မာယော့ကာကို အနိုင်ကစားထားတယ်။ ဘီလ်ဘာအိုကလည်း အိမ်ကွင်းမှာ ဘာစီလိုနာကို အနိုင်ရထားတဲ့ အသင်းပီပီ ဆိုစီဒက်ကိုလည်း ကောင်းကောင်းယှဉ်ကစားနိုင်မှာ သေချာတယ်။ ဘက်စ်ကေးဒေသခံ(၂)သင်းရဲ့ပွဲဖြစ်လို့ အကြိတ်အနယ်ရှိမယ်။ ဆိုစီဒက်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။

 

ဘိုလော့ဂ်နာ နှင့် SPAL (စနေနံနက် ၁:၁၅ နာရီ)

သွေးကင်ဆာရောဂါကို အံတုပြီး တာဝန်ယူနေတဲ့နည်းပြ မီဟိုင်းလိုဗစ်ချ်အတွက် အိမ်ကွင်းမှာ ဘိုလော့ဂ်နာအသင်းသားတွေ အမှားခံမယ်မထင်ဘူး။ ဆိုရီယာနို၊ ပလာစီယို၊ ဒက်စထရိုတို့က အိမ်ကွင်းမှာဂိုးမြူးတတ်ပါတယ်။ SPAL ဂိုးသွင်းခြေရှိပေမယ့် ဘိုလော့ဂ်နာ (၂-၁)ဂိုးလောက်နဲ့ နိုင်မယ်ထင်တယ်။

 

မိုချန်ဂလာဘတ် နှင့် လိုက်ပ်ဇစ် (စနေနံနက် ၁:၀၀ နာရီ)

မိုချန်ဂလာဘတ်အနေနဲ့ လိုက်ပ်ဇစ်အသင်း ဘွန်ဒစ်လီဂါကိုတန်းတက်လာချိန်ကတည်းက (၆)ပွဲအထိ ရင်ဆိုင်ကစားဖူးပြီး (၂)ပွဲသရေ၊ (၄)ပွဲရှုံးနဲ့ နိုင်ပွဲလုံးဝမရှိခဲ့ဘူး။ အဆိုးရွားဆုံးကတော့ အိမ်ကွင်းမှာ ရာနှုန်းပြည့်အရေးနိမ့်ထားခဲ့တာပဲဖြစ်တယ်။ ဒါပေမဲ့ ဘောလုံးရာသီအစပိုင်းတွေမှာ မိုချန်ဂလာဘတ်အသင်း အိမ်ကွင်းရလဒ်ကောင်းတတ်တာကိုတော့ သတိပြုရမှာပါ။ လက်ရှိအနေအထားမှာတော့ လိုက်ပ်ဇစ်အသင်းက အသင်းလိုက်ပိုငြိမ်ပါတယ်။ မိုချန်ဂလာဘတ်အသင်းက တိုက်စစ်ကို အသစ်တည်ဆောက်နေရတာဖြစ်ပြီး သူရမ်၊ ပလီယာ၊ အမ်ဘိုလိုတို့ မြန်မြန်အထိုင်ကျခဲ့ရင်တော့ အခြေအနေကောင်းနိုင်ပါတယ်။ မိုချန်ဂလာဘတ်အတွက် သရေမျှော်လင့်ခွင့်တော့ ရှိပါတယ်။

 

Most Read

Most Recent