၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်း၏ လုပ်ငန်းရပ်များအတွက် ဘတ်ဂျက်ခွင့်ပြုငွေအပေါ် အသုံးစရိတ်သုံးစွဲမှု စိစစ်ချက်အရ ရာခိုင်နှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသည့် စီမံကိန်းများနှင့် ရာခိုင်နှုန်း ၅၀ အောက်သာ အကောင်အထည်ဖော်နိုင်ခဲ့သည့် စီမံကိန်းများရှိဟု ပူးပေါင်းကော်မတီအစီရင်ခံစာတွင် ဖော်ပြ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်း၏ လုပ်ငန်းရပ်များအတွက် ဘတ်ဂျက်ခွင့်ပြုငွေအပေါ် အသုံးစရိတ်သုံးစွဲမှု စိစစ်ချက်အရ ရာခိုင်နှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသည့် စီမံကိန်းများနှင့် ရာခိုင်နှုန်း ၅၀ အောက်သာ အကောင်အထည်ဖော်နိုင်ခဲ့သည့် စီမံကိန်းများရှိဟု ပူးပေါင်းကော်မတီအစီရင်ခံစာတွင် ဖော်ပြ
သြဂုတ် ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အား တွေ့ရစဉ်
သြဂုတ် ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အား တွေ့ရစဉ်
Published 7 August 2019

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်း၏ လုပ်ငန်းရပ်များအတွက် ဘတ်ဂျက်ခွင့်ပြုငွေအပေါ် အသုံးစရိတ်သုံးစွဲမှု စိစစ်ချက်အရ ရာခိုင်နှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသည့် စီမံကိန်းများ နှင့် ရာခိုင်နှုန်း ၅၀ အောက်သာ အကောင်အထည်ဖော်နိုင်ခဲ့သည့် စီမံကိန်းများရှိဟု ပူးပေါင်းကော်မတီအစီရင်ခံစာတွင် ဖော်ပြထားသည်။

သြဂုတ် ၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့်စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ  တင်သွင်းစဉ် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

ယင်းအစီရင်ခံစာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်း၏ လုပ်ငန်းရပ်များအတွက် ဘတ်ဂျက်ခွင့်ပြုငွေအပေါ် အသုံးစရိတ်သုံးစွဲမှုစိစစ်ချက်အရ ရာခိုင်နှုန်းပြည့် လုံးဝအကောင်အထည်ဖော်ဆောင် ရွက်နိုင်မှုမရှိသည့် စီမံကိန်းများနှင့် ရာခိုင်နှုန်း ၅၀ အောက်သာ အကောင်အထည်ဖော်နိုင်ခဲ့သည့် စီမံကိန်းများရှိကြောင်း၊ ရာနှုန်းပြည့် လုံးဝအကောင်အထည်ဖော်နိုင်မှုမရှိသည့် စီမံကိန်းများနှင့်ပတ်သက်ပြီး လုပ်ငန်းစီမံကိန်းများသည် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ မဆောင်ရွက်ရသေးဘဲ လျာထားခြင်း၊ ချေးငွေစာချုပ်ချုပ်ဆိုမှု မပြီးဆုံးမီ လျာထားခြင်း၊ လုပ်ငန်းဆောင်ရွက်ရန် ကာလတွင် အခြားဌာနဆောင်ရွက်ရန်အတွက် လွှဲပြောင်းခြင်းနှင့် ကုမ္ပဏီအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်း၊ စီမံကိန်းလုပ်ငန်းအား ငွေချေးပေးသည့် မိတ်ဖက်အဖွဲ့အစည်းမှ ဆောင်ရွက်နေခြင်း၊ ဝယ်ယူမည့် ပစ္စည်းတန်ဖိုးမြင့်မား၍ အစားထိုးပြောင်းလဲရန် ညှိနှိုင်းဆဲဖြစ်ခြင်း၊ တင်ဒါခေါ်ယူဆဲဖြစ်ခြင်း၊ ဆောင်ရွက်မည့်  လုပ်ငန်းစနစ်ပြောင်းလဲခြင်း၊ ပြည်ပအကူအညီ အချိန်မီမရရှိခြင်းတို့ကြောင့် ရာခိုင်နှုန်းပြည့် လုံးဝအကောင်အထည်မဖော်နိုင်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရာခိုင်နှုန်း ၅၀ အောက်သာ အကောင်အထည်ဖော်နိုင်သည့် စီမံကိန်းများ နှင့်ပတ်သက်ပြီး လယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းတွင် တောင်သူများ၏ သဘောတူ ညီချက်မရရှိမီ ရန်ပုံငွေလျာထားတောင်းခံခြင်း၊ စီမံကိန်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်နိုင်မှုမရှိခြင်း၊ တင်ဒါခေါ်ယူရန် ဆောင်ရွက်ဆဲဖြစ်ခြင်း၊ နိုင်ငံခြားငွေရရှိမှု နောက်ကျခြင်း၊ တာဝန်ယူဆောင်ရွက်ရမည့် ဝန်ကြီးဌာန ပြောင်းလဲခြင်း၊ လုပ်ငန်းများအား အချိန်မီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခြင်း၊ စာချုပ်ချုပ်ဆိုမှု နောက်ကျခြင်း၊ မြေပြင်အခြေအနေအရ မလိုသဖြင့် တံတားတည်ဆောက်ခြင်းမပြုရန် ကန့်ကွက်သောကြောင့် မဆောင်ရွက်နိုင်ခြင်း၊ ဝယ်ယူသည့်ပစ္စည်း ရောက်ရှိမှု နောက်ကျခြင်း၊ Consultants ခန့်ထားနိုင်မှု မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

ယင်းသို့ဖြစ်ပေါ်နေမှုနှင့်ပတ်သက်ပြီး အမျိုးသားစီမံကိန်းဥပဒေအကောင်အထည်ဖော်ရေး တင်ပြစဉ်ကပင် စနစ်တကျ အသုံးစရိတ် ကြိုတင်ခန့်မှန်းတွက်ချက်ခြင်း၊ ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း ရှိ မရှိ ဆန်းစစ်မှုခိုင်မာစွာဖြင့် တင်ပြတောင်းခံဆောင်ရွက်မှုအားနည်းခဲ့ခြင်း၊ တင်ဒါလုပ်ငန်းအကောင်အထည်ဖော်မှု အားနည်းခဲ့ခြင်းတို့ကြောင့်ဖြစ်သည်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ်က သုံးသပ်ထားသည်။

ရာခိုင်နှုန်းပြည့် လုံးဝအကောင်အထည်မဖော်နိုင်သည့် စီမံကိန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ စီမံကိန်းများ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ စီမံကိန်းများ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ အထက်ဘီလူးချောင်းစီမံကိန်းများဖြစ်ကြောင်း၊ ရာခိုင်နှုန်း ၅၀ အောက်သာ သုံးစွဲအကောင်အထည်ဖော်နိုင်သည့် စီမံကိန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနအောက်ရှိ စီမံကိန်းများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဧရာဝတီမြစ်ရေလမ်းဖွံ့ဖြိုးရေး စီမံခန့်ခွဲမှုစီမံကိန်း၊ တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ရထားလမ်းစီမံကိန်းများ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ စီမံကိန်းများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ စီမံကိန်းများဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းထားသည်။

Most Read

Most Recent