စစ်တွေမြို့နယ် ခြေရာတော်ကျေးရွာအနီး၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်း တစ်ခုအား သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော် ထုတ်ပြန်

စစ်တွေမြို့နယ် ခြေရာတော်ကျေးရွာအနီး၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်း တစ်ခုအား သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော် ထုတ်ပြန်
AA အဖွဲ့၏ လေ့ကျင့်ရေးစခန်းမှ သိမ်းဆည်းရမိသော ဆေးဝါးများ
AA အဖွဲ့၏ လေ့ကျင့်ရေးစခန်းမှ သိမ်းဆည်းရမိသော ဆေးဝါးများ
Published 6 August 2019
မင်းနိုင်စိုး

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂ ရက်တွင် စစ်တွေမြို့နယ်၊ ခြေရာတော်ကျေးရွာအနီး၌ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ လေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

33_6.jpg

သစ်သားသေနတ်များ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ခြေရာတော်ကျေးရွာ၏ အနောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်း တစ်ခုအား ပစ်ကျင်း ခြောက်ကျင်း၊ လူနေတဲ သုံးလုံး၊ ယူနီဖောင်း နှစ်စုံ၊ အရပ်ဝတ် ၃၃ ထည်၊ မိုးကာ၊ မြေခင်းစ ၁၄ ထည်၊   ဂေါ်ပြား၊ တူးရွင်း၊ ဓား ရှစ်ချောင်း၊ လက်ကိုင်ဖုန်း တစ်လုံး၊ တန်းစီကွင်း တစ်ကွင်းတို့နှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဝန်းကျင်တစ်ဝိုက်အား နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်စဉ် သြဂုတ် ၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် ခြေရာတော်ကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာသို့အရောက်၌ AA အဖွဲ့က ဝှက်ထားသော လေ့ကျင့်ရန် ပြုလုပ်ထားသည့် သစ်သားသေနတ် ၅၀၀၊ ဒီတိုနေတာ ခြောက်ခု၊ ပွိုင့် (၅) ကျည်ခွံသုံးပုံး၊ တဲမျိုးစုံ ၁၃ လုံး၊ ပေါက်ပြား၊ ဂေါ်ပြားအလက် ၆၀၊ သံတူးရွင်းအလက် ၄၀၊ ဓားအချောင်း ၅၀၊ ဖုန်းတစ်လုံး၊  ဆန်နှင့် စားသောက်ဖွယ်ရာများ၊ ဆေးမျိုးစုံသုံးအိတ်၊ အခြားအသုံးအဆောင်ပစ္စည်းမျိုးစုံတို့အား ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တပ်တော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent