ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဆိုသောသတင်းများကို ဒီဘားလား ငြင်းဆို

ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဆိုသောသတင်းများကို ဒီဘားလား ငြင်းဆို
Photo: Getty Images
Photo: Getty Images
Published 26 May 2019

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဒီဘားလားက ၎င်းအနေဖြင့် အသင်းမှထွက်ခွာဖွယ်ရှိသည်ဆိုသောသတင်းများမှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဒီဘားလားက ၎င်းအနေဖြင့် အသင်းမှထွက်ခွာဖွယ်ရှိသည်ဆိုသောသတင်းများမှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းက ဒီဘားလား၏ အေးဂျင့်အဖြစ်ဆောင်ရွက်နေသည့် အစ်ကိုဖြစ်သူက ဒီဘားလားအနေဖြင့် အပြောင်းအလဲပြုလုပ်ရန် လိုအပ်နေပြီး ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။ 

သို့သော် ဒီဘားလားက ၎င်းအစ်ကိုဖြစ်သူပြောကြားမှုများမှာ ဟုတ်မှန်ခြင်းမရှိကြောင်း မိမိအနေဖြင့် လာမည့်ရာသီတွင် ဂျူဗင်တပ်စ်အသင်း၌သာ ဆက်ကစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဒီဘားလားက "ကျွန်တော့်အစ်ကိုက သူပြောချင်တာ ပြောနေတာပါ။ ကျွန်တော် အသင်းအားကစားဒါရိုက်တာ ပါရာတီစီနဲ့ ဆွေးနွေးပြီးသားဖြစ်ပြီး ကျွန်တော့်စိတ်ထဲမှာ ဘာရှိတယ်ဆိုတာကို သူတို့ကောင်းကောင်းနားလည်ပါတယ်။ လာမယ့်ရာသီမှာ ဂျူဗင်တပ်စ်အသင်းမှာပဲ ကျွန်တော် ကစားချင်ပါတယ်။

ဒီမှာပဲ ကျွန်တော် ဆက်ရှိနေချင်တာပါ။ လာမယ့်ရာသီမှာ အသင်းကို နည်းပြသစ်လည်း ရောက်လာမှာဆိုတော့ ကျွန်တော့်ရဲ့ အနာဂတ်ကို အသင်းကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဂျူဗင်တပ်စ်အသင်းမှာပဲ ဆက်ကစားချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၄၁) ပွဲတွင် (၁၀) ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ထို့ကြောင့် ယခုနွေရာသီတွင် ဒီဘားလားအနေဖြင့် ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်းကို ခေါ်ယူရန် မန်ယူနှင့် အက်သလက်တီကိုအသင်းတို့က စိတ်ဝင်စားနေကြကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent