ဂျူဗင်တပ်စ်အသင်းမှ ဒီဘားလား ထွက်ခွာဖွယ်ရှိနေကြောင်း ၎င်း၏အစ်ကိုဖြစ်သူ ပြောကြား

ဂျူဗင်တပ်စ်အသင်းမှ ဒီဘားလား ထွက်ခွာဖွယ်ရှိနေကြောင်း ၎င်း၏အစ်ကိုဖြစ်သူ ပြောကြား
Photo: Reuters
Photo: Reuters
Published 17 May 2019

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဒီဘားလား၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် အစ်ကိုဖြစ်သူ ဂတ်စတာဗိုက ဒီဘားလားအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဒီဘားလား၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် အစ်ကိုဖြစ်သူ ဂတ်စတာဗိုက ဒီဘားလားအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး ဒီးဘားလားသည် ယခုရာသီတွင် စီရော်နယ်လ်ဒိုရောက်ရှိလာပြီးနောက် ဂျူဗင်တပ်စ်အသင်း၌ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ပုံမှန်နေရာရရန်ပင် ရုန်းကန်ခဲ့ရသည်။

ထို့ကြောင့် ဒီဘားလားအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြပြီး ၎င်းကိုခေါ်ယူရန် အက်သလက်တီကိုမက်ဒရစ်နှင့် မန်ယူအသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။

ဒီဘားလား၏ အေးဂျင့်အဖြစ်ဆောင်ရွက်နေသည့် အစ်ကိုဖြစ်သူ ဂတ်စတာဗိုက ဒီဘားလားအနေဖြင့် ဂျူဗင်တပ်စ်အသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး အပြောင်းအလဲလုပ်ရန် လိုအပ်နေကြောင်း အာဂျင်တီးနားရေဒီယို Futbolemico နှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။

ဂတ်စတာဗိုက "ဒီဘားလားအနေနဲ့ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ သူ့အနေနဲ့ လက်ရှိမှာ အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်နေတာပါ။ ဒီဘားလား ဘယ်သွားမယ်ဆိုတာကိုတော့ ကျွန်တော်ပြောပြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထိုက်သင့်တဲ့ကမ်းလှမ်းမှုတွေ ရှိလာရင် ဒီဘားလား အသင်းပြောင်းပါလိမ့်မယ်။ ဂျူဗင်တပ်စ်အသင်းမှာ ဒီဘားလား မပျော်မရွှင်ဖြစ်နေပါတယ်"ဟု ပြောကြားခဲ့သည်။

ဒီဘားလားသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၄၀) တွင် (၁၀) ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။ 

Most Read

Most Recent