စပါးနှင့် လီဗာပူးလ်တို့၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဆလိုဗေးနီးယားဒိုင်လူကြီး စကိုမီနာ ကိုင်တွယ်မည်

စပါးနှင့် လီဗာပူးလ်တို့၏ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဆလိုဗေးနီးယားဒိုင်လူကြီး စကိုမီနာ ကိုင်တွယ်မည်
Photo: Getty Images
Photo: Getty Images
Published 15 May 2019

အက်သလက်တီကိုမက်ဒရစ်အသင်း၏ အိမ်ကွင်းဖြစ်သော ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းတွင် လာမည့် ဇွန်လ (၁)ရက်၌ ကျင်းပမည့် အဆိုပါဗိုလ်လုပွဲစဉ်ကို စကိုမီနာ ကိုင်တွယ်မည်ဟု UEFA ဒိုင်လူကြီးကော်မတီက မေလ (၁၄)ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းဗိုလ်လုပွဲမှာ VAR စနစ်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုသွားမည်ဖြစ်သည်။

စပါးနှင့် လီဗာပူးလ်တို့ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဆလိုဗေးနီးယားဒိုင်လူကြီး စကိုမီနာက ကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။

အက်သလက်တီကိုမက်ဒရစ်အသင်း၏ အိမ်ကွင်းဖြစ်သော ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းတွင် လာမည့် ဇွန်လ (၁)ရက်၌ ကျင်းပမည့် အဆိုပါဗိုလ်လုပွဲစဉ်ကို စကိုမီနာ ကိုင်တွယ်မည်ဟု UEFA ဒိုင်လူကြီးကော်မတီက မေလ (၁၄)ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းဗိုလ်လုပွဲမှာ VAR စနစ်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုသွားမည်ဖြစ်သည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အား စကိုမီနာကို ကိုင်တွယ်ရန် တာဝန်ပေးခဲ့ခြင်းမှာ လီဗာပူးလ်ပရိသတ်များနှစ်သက်မည်မဟုတ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

စကိုမီနာသည် လီဗာပူးလ်အသင်း၏ ပွဲစဉ် (၅)ပွဲကို ကိုင်တွယ်ဖူးသူဖြစ်ပြီး ၄င်းကိုင်တွယ်ခဲ့သည့် ပထမဆုံး (၄)ပွဲတွင် လီဗာပူးလ်အသင်းက ပွဲတိုင်းရှုံးနိမ့်ခဲ့ကာ ယခုရာသီ နာပိုလီနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်တွင်မှ (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့ဖူးကြောင်း သိရသည်။

စပါး နှင့် လီဗာပူးလ်တို့ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်တွင် စကိုမီနာနှင့်အတူ  စည်းကြပ်ဒိုင်များအဖြစ် ပရာပရော့နစ်၊ ရောဘတ်ဗူကန် ဆောင်ရွက်မည်ဖြစ်ပြီး၊ စတုတ္ထဒိုင်အဖြစ် စပိန်မှ လာဟော့ဇ်က တာဝန်ယူသွားမည်ဖြစ်သည်။

VAR ဒိုင်လူကြီးအဖြစ် မာကီလီက တာဝန်ယူမည်ဖြစ်ပြီး၊ ၄င်း၏အကူဒိုင်များအဖြစ် ဘိုကယ်လ်၊ ဇိုင်ယာနှင့် မာ့ခ်ဘော့ချ် တို့ကဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ 

Most Read

Most Recent