Charity Cup ပြိုင်ပွဲတွင် ရန်ကုန်အသင်း ၃ကြိမ်မြောက် ဗိုလ်စွဲ

Charity Cup ပြိုင်ပွဲတွင် ရန်ကုန်အသင်း ၃ကြိမ်မြောက် ဗိုလ်စွဲ
Published 8 January 2018

၂၀၁၈ ရာသီ ကွင်းဖွင့်ဖလား (Charity Cup) ပြိုင်ပွဲတွင် ရန်ကုန်အသင်းက ရှမ်းယူနိုက်တက်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီးဗိုလ်စွဲခဲ့ကြောင်းသိရသည်။

Photo - ကောင်းထက်အောင်

ရန်ကုန်ယူနိုက်တက်အသင်းသည် ကွင်းဖွင့်ဖလား (Charity Cup) ပြိုင်ပွဲတွင် (၃)ကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်က အောင် ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားရာ မိနစ် ၉၀ တွင် နှစ်ဂိုးစီသရေကျနေ၍ ပယ်နယ်တီဖြင့် ဆုံးဖြတ်ခဲ့ပြီး ရန်ကုန်အသင်းက (၄-၂) ဂိုး၊ စုစု ပေါင်း (၆-၄) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ပထမပိုင်း တွင် ခြေစွမ်းပိုင်းအရ ကွာခြားမှုမရှိသော်လည်း ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်ခဲ့ ပြီး ၁၂ မိနစ်တွင် အသစ်ခေါ်ယူထားသည့် ရတနာပုံတိုက်စစ်မှူးဟောင်း ပက်ထရစ်က ဂိုးစတင်သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်း တွင် ရန်ကုန်အသင်း ချေပဂိုးပြန်ရရန် ကြိုး ပမ်းခဲ့သော်လည်း ရှမ်းယူနိုက်တက်နောက် တန်း ထိန်းချုပ်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်အသင်းက ဆောင်လမန်အစား အီမန်နျူရယ်ကိုထည့်ကာ တိုက်စစ်အားမြှင့်ခဲ့ပြီး ၄၆ မိနစ်တွင် ဆယ်လာက ရန်ကုန်အတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ဂိုးရပြီးနောက်ပိုင်း တွင် ရန်ကုန်အသင်း ကစားပုံပိုကောင်းလာ ပြီး ၆၄ မိနစ်တွင် ဆယ်လာက ဒုတိယဂိုးထပ်မံ သွင်းယူခဲ့သည်။

Photo -ကောင်းထက်အောင်

ယင်းနောက်ပိုင်းတွင် ပွဲမှာ အပြန်အလှန်ရှိခဲ့ပြီး ၆၈ မိနစ်တွင် ပက်ထရစ် က ဒုတိယဂိုးသွင်းယူခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းသည် ခံစစ်ပိုင်းအမှားများခဲ့သောကြောင့် ဂိုးပေးခဲ့ရခြင်းဖြစ်သည်။ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာတွင် FIFA ၏စည်းမျဉ်းသစ်ဖြစ်သော ABBA အတိုင်း ကန်သွင်းခဲ့ပြီး ရန်ကုန်အသင်းက ငါးလုံးကန် ရာတွင် လေးဂိုးဝင်ခဲ့ပြီး ရှမ်းယူနိုက်တက် အသင်းက လေးလုံးကန်ရာတွင် နှစ်ဂိုးသာ ဝင်ခဲ့သောကြောင့် ရန်ကုန်အသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။

Photo - ကောင်းထက်အောင်

ဆက်လက်ပြီး ယင်း ပြိုင်ပွဲတွင် ကွင်းဝင်ကြေး ကျပ်သိန်း ၇၀ ရရှိ ခဲ့ပြီးMFF ဥက္ကဋ္ဌနှင့် ကလပ်အသင်းပိုင်ရှင် များမှ စုပေါင်းလှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၁၅၀ ကို ဟင်္သာတမြို့မှ ခိုလှုံရာပရဟိတဂေ ဟာ၊ လူငယ်လေ့ကျင့်ရေးသင်တန်းကျောင်း (ကျိုက်ဝိုင်း)၊ ရွှေကျင်မြို့မှ ပညာ့ဗိမာန်ပရ ဟိတကျောင်း၊ ဓမ္မသီတဂူသီလရှင်/မိန်းက လေးပရဟိတကျောင်းနှင့် သန်လျင်သဘာ၀ တရားရိပ်သာသို့ ကျပ်သိန်း ၃၀ စီ ခွဲဝေလှူ ဒါန်းခဲ့ကာMFF မှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

Most Read

Most Recent